Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ ​ထိုင်းနယ်စပ်​ဝေါ​လေ​ဒေသကိုဗုံးကြဲတိုက်ခိုက်

စစ်​ကောင်စီက ရုရှားနိုင်ငံထုတ် YAK -130 တိုက်​လေယာဥ်နဲ့ မြန်မာထိုင်းနယ်စပ် ​ဝေါ​လေ​ဒေသကို ​ဒီက​နေ့ ​နေ့လယ်ပိုင်းမှာလေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ- Khaosod

ဇူလိုင်-၁၃၊၂၀၂၅။People’s Spring

စစ်​ကောင်စီက ရုရှားနိုင်ငံထုတ် YAK -130 တိုက်​လေယာဥ်နဲ့ မြန်မာထိုင်းနယ်စပ် ​ဝေါ​လေ​ဒေသကို ​ဒီက​နေ့ ​နေ့လယ်ပိုင်းမှာလေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

စစ်တပ်တိုက်​လေယာဥ်နဲ့ ဗုံး ၇ လုံးချတိုက်ခိုက်ခဲ့တာလို့ ထိုင်းနယ်စပ်က​ဒေသတွင်းမီဒီယာ​တွေနဲ့ Khaosod သတင်းဌာနတို့က​ဖော်ပြပါတယ် ။

ဓါတ်ပုံ- Khaosod

KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​​တွေကထိုင်းနယ်စပ်ကစစ်တပ်စခန်း​တွေကိုဆက်တိုက်သိမ်း​နေတာမှာ ဇူလိုင် ၁၂ ရက်​နေ့မှာ ဥကရသ်ထစခန်းကိုသိမ်းလိုက်ပြီမို့ မြဝတီမြို့​တောင်ဘက်မှာ စစ်တပ်ရဲ့ ​ဝေါ​​လေဗျူဟာနဲ့ တိသဲလယ်ကာကင်းနှစ်ခုပဲကျန်​တော့တာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

​​ဝေါ​လေဗျူဟာကိုလည်း​တော်လှန်​ရေးတပ်​တွေက ပိတ်ဆို့ထားပြီးဒရုန်း​တွေနဲ့တိုက်ခိုက်​နေတာမှာ ဇူလိုင် ၁၁ ရက်​နေ့မှာ ​ဝေါ​လေဗျူဟာလက်နက်တိုက် ကိုဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာမှာကြီးမှာတဲ့​ပေါက်ကွဲမှူဖြစ်ပွားခဲ့တယ်လို့ FFD ကထုတ်ပြန်ပါတယ်။

လက်နက်တိုက်​ပေါက်ကွဲခဲ့သလို ၊ဥကရစ်ထစခန်းသိမ်းခံရပြီးတဲ့​နောက် ဇူလိုင် ၁၃ ရက် ​မွန်းလွဲပိုင်းမှာ စစ်တပ်က ​ဝေါ​လေ​ဒေသကို YAK-130 နဲ့ဗုံးကြဲခဲ့တာပါ။

​ဒီ​နေ့​လေ​ကျောင်းတိုက်ခိုက်တာဟာ တိသဲလယ်ကာကင်းစခန်းမကျ​အောင် ​လေ​ကြောင်းက​နေပစ်ကူ​ပေးတာလို့ ထိုင်းနယ်စပ်သတင်း​တချို့က​ဖော်ပြပါတယ် ။​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ထိခိုက်ပျက်စီးမှုရှိ ၊မရှိကို​တော့မသိရ​သေးပါဘူး။

ထိုင်းစစ်တပ်က နယ်စပ်ကတိုက်ပွဲ​တွေကို အနီးကပ်​စောင့်ကြည့်​နေပြီး လုံခြုံ​ရေးတို့မြှင့်ထားတယ်လို့ သတင်း​တွေမှာ​ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။