Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ-လွိုင်ကော်လမ်းတိုက်ပွဲပြင်းထန်​နေ

မိုးဗြဲ-လွိုင်​ကော်လမ်းကို စစ်​ကောင်စီက ထိန်းချုပ်နိုင်ပြီဟုသတင်းအမှာဖြန့်ထားပြီ ယာဥ်လိုင်းများကို ဖိအား​ပေးဖြတ်သန်းခိုင်း​နေ

မိုးဗြဲမြို့ အနီးကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။ ဓာတ်ပုံ-Ansel Mo

ဇူလိုင်-၁၅၊၂၀၂၅။ရဲခေါင်/People’s Spring

မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင်တိုက်ပွဲများပြင်းထန်နေဆဲ ဖြစ်ကြောင်း တိုက်ပွဲဝင်​နေ​သောရဲဘော်များနှင့် ​တော်လှန်​ရေးအဖွဲ့တာဝန်ရှိသူများကပြောသည်။

ထို့အပြင်လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းမကြီးကို ထိန်းချုပ်ကာ ပြန်လည်ဖွင့်လှစ်နိုင်ပြီဆိုသော စစ်ကောင်စီ၏ ဇူလိုင် ၁၁ က ကြေညာချက်သည်သတင်းအမှားဟု၎င်းတို့က​ပြောသည်။

“မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို သူတို့(စစ်ကောင်စီ) တောင်သုံးလို့မရသေးပါဘူး။တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ”ဟု ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲ-လွိုင်ကော်သည် ကားလမ်းပိုင်းအရ ၁၅ မိုင် ဝန်းကျင် အကွာအဝေးရှိပြီး ကောခူ၊ဆောင်ကန်း၊ထီရိ၊ကုန်းသာ၊ကယန်းသာယာ၊ကယန်းကြခူ နှင့် မြေနီကုန်း ရွာတို့သည့် လမ်းပိုင်းအနီးရှိသည်။

“အခြေအနေအရမ်းတင်းမာနေတဲ့အနေအထားပဲ။တိုက်ပွဲကလည်းဆက်ဖြစ်နေတုန်းဆိုတော့ ဘယ်နေရာတွေမှာ ဖြစ်တယ်ဆိုတာကို ပြောမရသေးဘူး”ဟု ကရင်နီရဲဘော်တစ်ဦးက မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းအခြေအနေကို ရှင်းပြသည်။

စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကို လိုင်းကားများ မဖြစ်မနေဖြတ်ပြီးအသုံးပြုရန် ခြိမ်းခြောက်ခိုင်းစေမှုအချို့ရှိနေကြောင်းလည်း ဒေသခံအချို့က​ပြောသည်။

“စကစ ပြည်နယ်ဝန်ကြီးချုပ်ကနေ ညွှန်ကြားတာ။ဒီလ မကုန်ခင် လိုင်းကားတွေ စ ဆွဲရမယ်လို့ကြားတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ထက်က “လမ်းပိုင်း(မိုးဗြဲ-လွိုင်ကော်)ကို သူတို့(စစ်ကောင်စီ)တောင်လုံးဝမထိန်းချုပ်နိုင်သေးဘူး”ဟု ပြောသည်။

စစ်ရေးအချက်အလက်များအရ မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်လိုပါက ကရင်နီပြည်နယ်၏ တော်လှန်ရေးတပ်များအနက် တိုက်ခိုက်ရေးရဲဘော် အင်အား အများဆုံးတပ်ဖြစ်သည့် KNDF ၏ ဗျူဟာနှစ်ခု ကို စစ်ကောင်စီသည် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

“လွိုင်ကော်အထိတိုးလျှိုပေါက်ဖောက်ဖို့ဆိုရင် စကစ အနေနဲ့ အဲဒီအပိုင်းမှာ KNDF ရဲ့ ဗျူဟာ ၇ နဲ့ ဗျူဟာ ၂ ရှိမယ်။ထိတွေ့ မှုလည်း ရှိနေတယ် သိရတယ်”ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်းမှ ကရင်နီပြည်နယ်သို့ဝင် ပေါက်ဖြစ်ရာ မိုးဗြဲမြို့ကို စစ်ကောင်စီက ခြောက်လ ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် မိုးဗြဲလမ်းမကိုယခုလဆန်းပိုင်းက ပြန်လည်ထိန်းချုပ်ခဲ့သည်။

လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သည့် မိုးဗြဲ မြို့သည် စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနှင့် ရောက်နိုင်သည့် ပင် လောင်း-ဖယ်ခုံ -(မိုးဗြဲ)-လွိုင်ကော် လမ်းပိုင်းပေါ်၌ ရှိသည်။

မိုးဗြဲမြို့စစ်ကောင်စီလက်ထဲရောက်ရှိခဲ့ပြီးနောက် ရှမ်းပြည်တောင်ပိုင်းမှ စစ်အင်အားအလွယ်တကူ ဖြည့်နိုင်ခွင့် နှင့် ကရင်နီပြည်နယ်၌ တော်လှန်ရေးအင် အားစုများ ပိတ်ဆို့ထားသည့် ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲမြို့ ရှိ စစ်ကောင်စီ တပ်များ ပြန်ပွင့်နိုင်သည့် အခြေအနေ ရင်ဆိုင်ရနိုင်ကြောင်း စစ်ရေးသုံးသပ်သူအချို့က သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။