Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်း ချီတက်လိုက် ၊ လန်ကျလိုက်ဖြစ်နေ

ကရင်ပြည်နယ်၊ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လန်ကျပြီး အထိနာနေတယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်ဒေသရှိ တော်လှန်ရေးပူးပေါင်းတွေက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၁၆၊၊ ၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လန်ကျပြီး အထိနာနေတယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

ကျုံဒိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၄၆)တပ်ရင်းနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ခွဲထွက်အဖွဲ့ ဗိုလ်ဘိဦးစီးတဲ့အဖွဲ့နဲ့ ပူးပေါင်းစစ်ကြောင်းထိုးနေတာလို့ PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကျုံဒိုးမြို့ကနေ ကော့ကရိတ်မြို့ဆီ စစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့ရက်ပိုင်းကစပြီး စစ်ကြောင်းထိုးလာတဲ့အပေါ် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့အခါ လန်ကျနေတယ်လို့ ကရင်စစ်ရေးစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့က ဇူလိုင် ၁၅ရက်ကလည်း စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ရာ အထိနာခဲ့တယ်လို့ ကရင်စစ်ရေးစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” သူတို့က ထိုးလာလိုက်၊ လန်ကျလိုက်ပဲ။ မနေ့ကလည်း တိုက်ပွဲပြင်းတယ်။ ဗိုလ်ဘိအဖွဲ့က စကစနဲ့အတူတိုက်နေတာ။ မနေ့ကထိတာ သူအဖွဲ့က လူတွေပါတယ်ကြားတယ်”လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၆ရက်မှာလည်း တိုက်ပွဲဆက်ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဇူလိုင် ၁၅ရက်တိုက်ပွဲမှာ ဗိုလ်ဘိထိခိုက်မှုရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ကရင်စစ်ရေးသတင်းရင်းမြစ်ကတော့ သတင်းအမှားလို့ လူထုနွေဦးကို ပြောပါတယ်။

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းဘေးက အုန်းတပင်နဲ့ အင်းကြီးရွာတွေမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်မှာလည်း ကျုံဒိုးမြို့ကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း ရခဲ့တယ်လို့ Lion Battalion စစ်ကြောင်းက လူထုနွေဦးကို ပြောထားပါတယ်။

စစ်ကောင်စီဟာ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းကို စိုးမိုးဖို့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းက စစ်ကောင်စီတပ်ကို KNLA၊PDFပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကော့ကရိတ်မြို့အဝင်က အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)နဲ့ မြို့ထဲက အမှတ်(၉၇)ခြေလျင်တပ်ရင်းကို စစ်ကူအများအပြားပို့နေပါတယ်။

ကစခ−၁၂က အင်အားကို ကော့ကရိတ်ကနေ ကျုံဒိုးမြို့သွားတဲ့ လမ်းပိုင်းကိုလည်း စစ်ကြောင်းထိုးဖို့ စစ်ကူပို့နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။