Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့အနီး စစ်ကောင်စီ ဗုံးထပ်ကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၈ရက်)နံနက် ၁၀နာရီခန့်တွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်သည်။

ဇူလိုင် ၁၄ရက်က သီပေါမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဇူလိုင်-၁၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၈ရက်)နံနက် ၁၀နာရီခန့်တွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်သည်။

ကျောက်မဲမြို့၊ ကြူရှော(မြောက်)ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲခြင်းဖြစ်ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုသတိပေးချက်ရှိနေကြောင်း မြို့ခံများကပြောသည်။

” မြို့နဲ့နီးတယ် ဗုံးကျတာ။ မိုင်းငေါ့ဘက်သွားတဲ့လမ်းပေါ့။ ဒေသခံတစ်ယောက် ဒဏ်ရာရတာ ဟုတ်တယ်။ လေကြောင်းကတော့ တောရော မြို့ပါ အန္တရာယ်ရှိနေတာပါ။ မြေပြင်စစ်ကြောင်း မလာနိုင်တော့ လေကြောင်းကနေပဲ ပစ်နေတာ”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဇူလိုင် ၁၃ရက် နံနက်ကလည်း ကျောက်မဲမြို့ပေါ်ရှိအမက (၁၃) ကျောင်းနှင့်ဝါဆိုကျောင်းလမ်းကို ဂျက်ဖိုက်တာဖြင့် ဗုံး ၄လုံးကြဲခဲ့သည်။ တအာင်းတပ်မတော်(TNLA) ထိန်းချုပ် မြို့နယ်များအနက် လက်ရှိတွင် ကျောက်မဲမြို့သည် လေကြောင်းတိုက်ခိုက်မှုအများဆုံးခံနေရသည်။

ကျောက်မဲမြို့ကို ဇွန်လ ၂၄ရက်၊ ၂၇ရက်၊၂၉ရက်၊ ဇူလိုင် ၆ရက်နှင့် ဇူလိုင် ၈ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ဦးခန့် ဒဏ်ရာရခဲ့သည်။

ကျောက်မဲနှင့်နယ်မြေချင်းဆက်စပ်နေသော မိုင်း ငေါ့မြို့နယ်နှင့် သီပေါမြို့နယ်ကိုလည်း ဇူလိုင်၁၄ရက်နှင့် ၁၅ရက်က လေကြောင်းမှဗုံးကြဲရာ အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

TNLAက ၎င်းတို့ထိန်းချုပ်ဒေသမှပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်သတိပြုကြရန် ထပ်မံ သတိပေးထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့ကို သိမ်းယူထားသည်။

နောင်ချိုမြို့ကို စစ်ကောင်စီက ရက်ပေါင်းများစွာ ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် ၁၆ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။