Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ စာသင်ကျောင်းအနီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရပ်သားငါးဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်တနေရာကို ၂၀၂၅နှစ်ဆန်းပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်အပြီးတွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့၊ အထကကျောင်းရှေ့ကို ညနေ ၄နာရီခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း ဖြစ်သည်။

” ကလေးတွေ ကျောင်းဆင်းချိန်ကြီး။ ‌ဗျူဟာကုန်းကနေ ပစ်တာ။ ကလေးတွေတော်တော်များများပြန်သွားလို့ ကံကောင်းတာ။ မိဘတွေလာမကြိုသေးတဲ့ကလေးတွေက ကျောင်းထဲမှာ။ ထိခိုက်တဲ့သူတွေက ကျောင်းရှေ့မှာဈေးရောင်းတဲ့သူတွေ၊ ဖြတ်သွားဖြစ်လာသူတွေ။ ငါးယောက်ထိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအပြီး ညနေ ၅နာရီ၄၀မိနစ် ခန့်တွင် ဖားကန့်မြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် ဆွပ်ဘွမ်ရွာအနီးသို့ ဗုံးကြဲသွားခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ‌မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” လေယာဉ်ကလည်း ဗုံးကြဲတယ်။ အောက်ကနေလည်း လေယာဉ်ကို ပြန်ပစ်တာဆူညံနေတာပဲ။ တိုက်ပွဲကတော့ မနားတမ်းပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာကိုလည်း လေကြောင်းမှ ဗုံးကြဲခဲ့၍ နေအိမ်အချို့မီးလောင်နေသည်ဟု သတင်းရရှိသည်။ အသေးစိတ်ကို မသိရသေးပေ။

“တောင်ပြိုရွာကိုမီးလောင်ဗုံးကြဲသွားတာ။အခု အိမ်တွေ မီးလောင်နေပြီကြားတယ်ဗျ”ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ‌ဖားကန့်မြို့နယ်၌ ဆွပ်ဘွမ်၊ မှော်မောင်းလျှံနှင့် အမှိုက်ပုံကျေးရွာတို့၌ တိုက်ပွဲပြင်းထန်နေသည်။ မှော်မောင်းလျှံကျေးရွာနှင့် အမှိုက်ပုံကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီက ဇူလိုင် ၁၃ရက်၊ ၁၅ရက်နှင့် ၁၆ရက်တွင် လေကြောင်းမှဗုံးကြဲခဲ့ပြီး လက်နက်ကြီးများလည်းပစ်ခတ်ခဲ့သည်။

လေကြောင်းအန္တရာယ်ကို ဆက်လက်သတိပြုရန် KIA၊KPDFက သတိပေးထားသည်။

မြေပြင်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။