Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတွင် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပြုလုပ်

စစ်ကိုင်း၊ မကွေးနှင့် တင်္နသာရီတိုင်းတို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ပြီး ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်-၁၉၊ ၂၀၂၅။ သုည/People’s Spring

စစ်ကိုင်း၊ မကွေးနှင့် တင်္နသာရီတိုင်းတို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ပြီး ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပြင် နွေဦးတော်လှန်ရေး အာဇာနည်များကို ချီတက် အလေးပြုကြသည်။

ယင်းနောက် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားကြရသည့် အာဇာနည်ရဲဘော်များအတွက် အမှတ်တရ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်တွင်လည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ (၇၈)နှစ်မြောက် အာဇာနည်နေ့အား လေးစားဂါရဝပြုသောအားဖြင့် လူထုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇူလိုင်(၁၉)ရက်တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦး ၊ ခေတ်အဆက်ဆက်သမိုင်းအဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းများနှင့် နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့သော သူရဲကောင်းများအား လေးစားဦးညွတ် ဂါရဝပြုခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် လူထုတိုက်ပွဲကော်မတီနှင့် ပြည်သူများ ပူးပေါင်း၍ “အာဇာနည်တို့မျှော်ရည်ချက် လူထုအားနဲ့ဆက်ချီတက်” ဆိုင်းဘုတ်များကိုင်ဆောင်ပြီး အာဇာနည် ၉ ဦးနှင့်တကွ ဒီမိုကရေစီတိုက်ပွဲ၊ နွေဦးတော်လှန်ရေးတိုက်ပွဲအဆက်ဆက်တို့ အသက်ပေးလှူခဲ့ရသော အာဇာနည်အပေါင်းအား အောက်မေ့ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင်လည်း ၇၈ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် DDMSCမှ ဦးဆောင်ပြီး အာဇာနည်နေ့အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

“အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် ယင်းအခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်ကို အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ လွမ်းသူပန်းခွေချ ဂါရဝပြုခြင်းနှင့် အမှတ်တရစကားပြောကြားခြင်းတို့ လုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ချင်းတွင်းမြစ်ကမ်းဘေးသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။