Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် ဗလခမှော်အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်တနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - NYT

ဇူလိုင်-၂၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် ဗလခမှော်အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင်၂၀ရက်) ညနေ ၃နာရီ ၄၁မိနစ်နှင့် ၃နာရီ ၅၀မိနစ်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ကနဦးရရှိသောသတင်းများအရ လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်ဒေသရှိ ဆွပ်ဘွမ်၊ ဗလခမှော်၊မှော်မောင်းလျှံနှင့် အမှိုက်ပုံကျေးရွာတို့၌ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က ဇူလိုင် ၁၃ရက်၊ ၁၅ရက်၊၁၆ရက်နှင့် ၁၈ရက်ကလည်း လေကြောင်းမှဗုံးကြဲခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲပုံစံက သေနတ်သံတွေကြားလိုက်၊ ရပ်သွားလိုက်။ လက်နက်ကြီးသံတွေ ကြားလိုက်။ လေကြောင်းက လာပစ်လိုက်နဲ့ ဖြစ်နေတာ။ အဓိကက စစ်ကောင်စီစစ်ကြောင်းလမ်းကြောင်းကို အာရုံစိုက်နေရတယ်”ဟု ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လေကြောင်းအန္တရာယ်အပြင် မြေပြင်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားခဲ့၍ မိုင်းအန္တရာယ်သတိပြုကြရန်လည်း ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊KPDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။