Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့ပေါ်တွင် ဓါတ်ပုံရိုက်ပြီး စစ်တပ်က တိုက်ပွဲပြင်းထန်​နေ​သော ၄ မိုင်ဘက်သို့ဆုတ်သွားဟု​ တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့​ပြော

သပိတ်ကျင်းမြို့ပေါ်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် မြို့ပေါ်နေရာအချို့၌ဓာတ်ပုံရိုက်ပြီး​နောက် တိုက်ပွဲပြင်းထန်​နေ​သော ၄ မိုင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

သပိတ်ကျင်းမြို့ မြို့နယ် ခန်းမ​ရှေ့တွင်စစ်သားများဓါတ်ပုံရိုက်ကူးထားစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဇူလိုင်-၂၃၊၂၀၂၅။လူအေး/People’s Spring

သပိတ်ကျင်းမြို့ပေါ်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် မြို့ပေါ်နေရာအချို့၌ဓာတ်ပုံရိုက်ပြီး​နောက် တိုက်ပွဲပြင်းထန်​နေ​သော ၄ မိုင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

“ကျနော်တို့ခန့်မှန်းထားတဲ့အတိုင်းပဲဖြစ်တာ။ မြို့ကိုထိန်းချုပ် ကြောင်းဝါဒဖြန့်ချင်လို့ ဓာတ်ပုံရိုက်ပြီးပြန်ပြေးတာပါ”ဟု သပိတ်ကျင်းမြို့မှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဇူလိုင်လ ၂၃ရက်နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က သပိတ်ကျင်းမြို့ဆေးရုံ၊ မြို့တော်ခန်းမ၊ဘုရားကုန်း ၊မီးသတ်​ရှေ့ စသည်တို့တွင်ဓာတ်ပုံရိုက်သွားပြီး တိုက်ပွဲ ပြင်းထန်​နေ​သော ၄ မိုင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ယခုအခါ သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေပြီး ၄မိုင်တွင် အပြင်းထန်ဆုံးဖြစ်ပွားနေကြောင်း၊ မြို့ထဲသို့ဝင်လာသောစစ်ကောင်စီစစ်ကြောင်းသည် ၄မိုင်ဘက်သို့ပြန်လည်ဆုတ်ခွာသွားသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးပြောသည်။

“စိုးဝင်းတောင် မစောင့်ဘဲ ပြန်ပြေးတာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ဇူလိုင်လ၁၆ရက်၌ ပြန်လည်ထိန်းချုပ်ပြီးနောက် ဇူလိူင်လ ၂၁ရက်တွင်စစ်ကောင်စီဒုတိယခေါင်းဆောင်စိုးဝင်းက နောင်ချိုမြို့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

သပိတ်ကျင်းဒေသရှိလူထုနွေဦး၏အခြားသတင်းရင်းမြစ် တဦးကလည်း သပိတ်ကျင်းမြို့နယ် အတွင်းရှိ (၇)မိုင် နှင့် တွင်းငယ်ရွာမှစစ်တပ်စခန်း တို့တွင် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ​ကြောင်း ဇူလိုင် ၂၃ ရက်နံနက်တွင်​ပြောသည်။

“(၇)မိုင်ရော၊ တွင်းငယ်ရော ရဲဘော်တွေရှိသေးတယ်။ တိုက်ပွဲဆက်ဖြစ်နေတယ်။ အဓိက စစ်တပ်ရှိတာက မြို့ထဲမှာမရှိဘူး။စစ်တပ်ရှိတာက (၇)မိုင်နဲ့ တွင်းငယ်တို့မှာ ရှိနေတာ”ဟု၎င်းက ပြောသည်။

သပိတ်ကျင်းမြို့အား ၂၀၂၄ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ခဲ့သည်။ သို့သော် အမှတ်(၁၃) တပ်မတော်တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်းတို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။

ထိုနေရာများကိုစစ်ကောင်စီကလပေါင်းများစွာအင်အားဖြည့်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းအချို့သည် ဇွန်လဆန်းမှစ၍ ထွက်လာပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။သပိတ်ကျင်းမြျု့နယ်တွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများက ဇူလိုင် ၂၂ ရက် ည​နေကတည်းက သပိတ်ကျင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားခဲ့ကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook