Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းဘက်သွားမယ့်ကုန်ကားတွေ ခွင့်ပြုမိန့်တင်ဖို့ စစ်တပ်အမိန့်ထုတ်

စစ်ကိုင်းတိုင်းဘက်ကို ကူးသန်းမယ့် ကုန်ကားတွေအကုန်လုံး မန္တလေးမြို့က စွယ်တော်ကားကြီးကွင်းမှာ စစ်ဆေးခံပြီးခွင့်ပြုလက်မှတ်ရမှ သွားရမယ်ဆိုတဲ့အမိန့်ကြောင့် စွယ်တော်ကားကွင်းမှာ ကားအစီး ရေ ထောင်နဲ့ချီကာ ပိတ်မိနေတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၌ ကုန်တင်ယာဉ်များပိတ်မိနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၅၊၂၀၂၅၊မေ/People Spring

စစ်ကိုင်းတိုင်းဘက်ကို ကူးသန်းမယ့် ကုန်ကားတွေအကုန်လုံး မန္တလေးမြို့က စွယ်တော်ကားကြီးကွင်းမှာ စစ်ဆေးခံပြီးခွင့်ပြုလက်မှတ်ရမှ သွားရမယ်ဆိုတဲ့အမိန့်ကြောင့် စွယ်တော်ကားကွင်းမှာ ကားအစီး ရေ ထောင်နဲ့ချီကာ ပိတ်မိနေတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။

ရွှေကြက်ယက်(ဇက်ဆိပ်)၊ရတနာပုံတံတား(စစ်ကိုင်းတံတား)ကနေ ဖြတ်သန်းသွားလာမယ့် ၁၅တန်နှင့်အောက်၊၁၅တန်နှင့်အထက် ကုန်တင်ယာဉ်တွေကို ဇူလိုင် ၂၁ ရက်ကစတင်က စစ်ဆေးရေးလုပ်ငန်းအဖွဲ့က ပြည်ကြီးမင်္ဂလာ(စွယ်တော်ကားကြီးကွင်း)မှာ စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီခွင့်ပြုမိန့်မပါတဲ့ မည်သည့်မော်တော်ယာဉ်ကိုမှ ဖြတ်သန်းခွင့် မပေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“၂၁ရက် နေ့ကတည်းက တန်းနေရတာ။ဒီနေ့အထိ ကားကွင်းထဲမှာ အစီးရေထောင်နဲ့ချီပိတ်မိနေတာ။ပုတ်သိုးကုန်တွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူးဗျ။တကယ်ဆိုရင် တစ်စီးပြီးတစ်စီး ခွင့်ပြုပစ္စည်းမပါရင် လွှတ်အဲ့လိုဖြစ်ရမှာ။အခုထိ ကျွန်တော်တို့ကား တွေကို မစစ်သေးဘူး။ဘယ်လိုစနစ်နဲ့လုပ်နေလဲမသိဘူး”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ကားတွေ ၊စစ်တပ်ကအရာရှိတွေ ပိုင်ဆိုင်တဲ့ကုန်တင်ပို့နေတဲ့ကားတွေကိုကြားပေါက်စနစ်နဲ့ စစ်ဆေးတာတွေရှိနေပြီး ၂၁ရက်နေ့ကနေ ဒီနေ့အထိ အစစ်ဆေးမခံရလို့ ခွင့်ပြုချက်မရသေးတဲ့ ကားအများအပြားရှိတယ်လို့လည်း သိရပါတယ်။

ပိတ်ထားတဲ့ကားတွေဟာ စစ်ကိုင်းမြိုနဲ့ မုံရွာမြို့တို့ကိုသွားမယ့်ကားတွေ အထိပါဝင်တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။