Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ်တွင်တိုက်ပွဲဖြစ်နေ

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌တိုက်ပွဲဖြစ်နေကြောင်းဒေသခံနှင့်စစ်ရေးသတင်းရင်းမြစ်အချို့ကလူထုနွေဦးသို့ပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့အနီးတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များကို ၂၀၂၃ နိုဝင်ဘာ ၁၂ ရက်က မြင်တွေ့ရစဉ် ။ ဓာတ်ပုံ - REUTERS

ဇူလိုင်-၂၇၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌တိုက်ပွဲဖြစ်နေကြောင်းဒေသခံနှင့်စစ်ရေးသတင်းရင်းမြစ်အချို့ကလူထုနွေဦးသို့ပြောသည်။

လွိုင်ကော်မြို့နယ်ရှိ နိုးကိုးစံပြကျေးရွာဘက်မှ စစ်ကြောင်းနှစ်ခုဖြင့် ထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ကခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ဘုရားနီဘက်က တိုးလာတယ်။ဒေါဆော်လီဘက်ကတိုးလာတယ်။တိုက်ပွဲဖြစ်နေတယ်”ဟုစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာမှု အခြေအနေကို လွိုင်ကော်မြို့ခံတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၇ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်သံများ ကြားရသည်ဟု ဆိုသည်။

“အသေအပျောက်များတဲ့ စကစဗမာစစ်တပ် က ၅၄တပ်(ခလရ-၅၄)ပါ။ လက်နက်ကြီးပစ်ကူပေးနေရတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ​သောကြောင့် ဘီးလူးချောင်းအနောက်ဘက် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့အပါအဝင် ကျေးရွာခုနစ်ရွာရှိ ဒေသခံပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။

“ရည်မှန်းချက်ကတော့ မှန်းခြေ ဖရူဆိုတို့ ဘောလခဲတို့ဘက်ကို ကုန်းကြောင်းထိုးလျှောက် ချင်တာ။ ပြီးရင်သူတို့တွေက ရွေးကောက်ပွဲအတွက် လွိုင်ကော်ကိုသေချာကာထားဖို့အတွက် လည်းပါလိမ့်မယ်”ဟုကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တာဝန်ရှိသူက ပြောသည်။

ဇူလိုင် ၂၂ ရက်ကစ၍ စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့နယ်မှ ဒီးမော့ဆိုမြို့ဘက်သို့ ဦးတည်၍ စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ တွဲဖက်အတွင်းရေးမှူး ဦးဗညားက အသိပေးသည်။

လုံခြုံရေးအရ ရွှေ့ပြောင်းရမည့် ကျေးရွာများရှိ ပြည်သူများကို IEC၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့၊ လူကယ်ပြန်ဌာန ၊ပရဟိတအဖွဲ့များနှင့်အရပ်ဘက်အဖွဲဲ့စည်းများကဝိုင်းဝန်းရွှေ့ပြောင်းပေးနေသည်ဟု ဆိုသည်။

လမ်းပန်းအခြေအနေ၊လူဦးရေများပြားမှုနှင့်မိုးရာသီဖြစ်သည့်အတွက် ပြောင်းရွှေ့ရာတွင် အခက်အခဲရှိကာ အကူအညီများလိုအပ်နေ ကြောင်း စစ်ရှောင်အရေးဆောင်ရွက်နေသူများက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။