Connect with us

Hi, what are you looking for?

သတင်း

ပုလောနယ်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက ဖုန်း၊အင်တာနက် ဖြတ်တောက်ထား

တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က လေ‌ြောင်းတိုက်ခိုက်၍ စေတီပုထိုးများထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၈၊ ၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီကပုလောမြို့နယ်ကိုကုန်းကြောင်း၊ လေကြောင်း ၊ ရေကြောင်း ထိုးစစ်ဆင်မှုများပြုလုပ်လာ၍ ဇူလိုင် ၂၃ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ စစ်ရေးအခြေအနေကို မေးမြန်းရာ သတင်းရင်းမြစ်က ယခုကဲ့သို့ ပြောသည်။

“လေယာဉ်ဗုံးလာကြဲတာတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ မြေပြင်သတင်းအချက်အလက် အကုန်လုံးမရဘူး။ ဘာဖြစ်လို့လဲဆိုရင် စစ်ကောင်စီက လိုင်းတွေဘာတွေ ဖုန်းလိုင်းတွေ ဘာတွေဖြတ်ထားတော့ အဆက်အသွယ် မမိလိုက်ဘူး။ကျနော်တို့ရတဲ့ အဆက်အသွယ်ကတော့ တိုက်ပွဲတော့ ဖြစ်နေတာပေါ့။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ စကစနဲ့ တိုက်ပွဲဖြစ်တာတော့ သိရတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ဇူလိုင် ၂၈ရက်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ဦးကျော်ထိခိုက်သေဆုံးခဲ့သည့်အပြင် စေတီပုထိုးအပါအဝင်ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာဝင်တို့၏ဘာသာရေးအဆောက် အအုံများ ထိခိုက်ပျက်စီးမှုရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ရေး အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ပုလောအခြေစိုက် PDF မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း၏ ဇူလိုင် ၂၆ရက် ထုတ်ပြန်ပြောဆိုချက်အရ ပုလောနယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု သတိပေးထားသည်။ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းထံသို့ ဇူလိုင် ၂၆ရက်နံနက်အထိ အဆက်အသွယ်ရရှိသော်လည်း ဇူလိုင် ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် အဆက်အသွယ်မရရှိသေးပေ။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများအပြင် ခရီးသွားပြည်သူနေထိုင်ရာနေရာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇူလိုင် ၂၅ရက် ညပိုင်းက ပြည်သူ အစုလိုက်၊ အပြုံလိုက် သေဆုံးမှုရှိခဲ့သည်။

ဇူလိုင် ၂၅ရက်ည ၁၀နာရီခွဲတွင် ပုလောမြို့နယ် ဇရပ်ဆိပ်ရွာရှိနေအိမ်တစ်လုံးကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ သေဆုံးဒဏ်ရာရသူများကို ပြည်သူများက ကယ်ဆယ်ရေးလုပ်ဆောင်စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့၍ ကယ်ဆယ်ရေးလုပ်နေသည့် ပြည်သူ ၉ဦး ထပ်မံသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ဟု မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက အသိပေးထားသည်။

ယင်းဖြစ်စဉ်မတိုင်ခင်ကလည်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပုလောဒေသခံ ၁၀ဦးဝန်းကျင် သေဆုံးထိခိုက်ခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ပြည်သူများကို ရန်သူသဖွယ် သဘောထားပြီး စစ်ရာဇဝတ်မှုမျာကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်၍ အမှတ်(၈) ပြည်ထောင်စုလမ်းမ မြိတ်-ပုလောလမ်းပိုင်း ကိုလည်း ပြည်သူများ ခရီးသွားလာခြင်းမပြုရန် မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။