Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု KIAပူးပေါင်းတပ်တိုက်ခိုက်သည့် ရုပ်သံထွက်ပေါ်

စစ်သင်္ဘောအုပ်စုအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်တော်လှန်ရေး ပူးပေါင်းတပ်က ရွှေ့ကူ မြို့အထက်ပိုင်းနေရာများတွင် စောင့်ကြိုတိုက်ခိုက်လျက်ရှိရာ ယနေ့(ဇူလိုင်၂၉ရက်)တွင် သင်္ဘောတစ်စီးထိခိုက်အောင် တိုက်ခိုက်နိုင်သည့် ရုပ်သံထွက်ပေါ်လာသည်။

ရွှေကူမြို့နယ်တွင် တိုက်ခိုက်ခံရသော စစ်သင်္ဘောတစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်သင်္ဘောအုပ်စုအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်တော်လှန်ရေး ပူးပေါင်းတပ်က ရွှေ့ကူ မြို့အထက်ပိုင်းနေရာများတွင် စောင့်ကြိုတိုက်ခိုက်လျက်ရှိရာ ယနေ့(ဇူလိုင်၂၉ရက်)တွင် သင်္ဘောတစ်စီးထိခိုက်အောင် တိုက်ခိုက်နိုင်သည့် ရုပ်သံထွက်ပေါ်လာသည်။

KIA ပူးပေါင်းတပ်များသည် စစ်သင်္ဘောအုပ်စုကို ဇူလိုင် ၂၇ရက်နှင့် ယနေ့ (ဇူလိုင် ၂၉ရက်)တွင် တိုက်ခိုက်ခဲ့ရာ ယနေ့တွင် သင်္ဘောတစ်စီးထိခိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ ညနေပိုင်းတွင် စစ်ရေးသတင်းရင်းမြစ်အချို့က ပြသသည့် သင်္ဘောတိုက်ခိုက်မှု ရုပ်သံမှတ်တမ်းတွင် ပစ္စည်းများ မိုးကာအုပ်တင်လာသည့်တွဲအား တွန်းလာသော သင်္ဘောကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောထိမှန်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှု ဖြစ်စဉ်သည် ယနေ့ (ဇူလိုင် ၂၉ရက်)တွင် ရွှေကူမှ ဗန်းမော်မြို့ဘက်သို့ တက်သွားသည့် စစ်သင်္ဘောများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ယနေ့တွင် စစ်သင်္ဘော ၈စီးခန့် အထက်သို့ ဆန်တက်ရာ သင်္ဘော ၅စီးသည် ဧရာ၀တီမြစ်ကြောင်း ကြက်တူရွေးနှုတ်သီးအောက်တွင် ကမ်းကပ်ထားသည်ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ခံရ၍ ထိခိုက်သည့် သင်္ဘောအချို့မှာ ရွှေကူမြို့ဘက်ပြန်ဆုတ်သွားသည်ဟုလည်း ပြောသည်။

” တချို့မဆုတ်ဘူး။ ဝမ်းပေါက်သွားတဲ့ အစီးတွေ တွဲပြီးပြန်ဆုတ်တာရှိတယ်။ ကျန်တာ ကြက်တူရွေး နှုတ်သီးနား ကမ်းထိုးနားနေကြတယ်။ ဆက်တက်ရင် အန္တရာယ်ဇုံထဲ ရောက်ပြီဆိုတာ သူတို့ သိနေတာ ဖြစ်မယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း “သင်္ဘောတွေက ရွှေကူဘက် ပြန်ခေါက်သွားပြီ။ ကုန်းလမ်းဘက်က ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေလည်း တော်တော်အထိနာသွားတယ်”ဟု ယနေ့ ညပိုင်း၌ ပြောသည်။

စစ်သင်္ဘောအုပ်စုနှင့် ဒေသစစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေး တာဝန်ရှိသူ အပါအဝင် သတင်းရင်းမြစ်အချို့ထံ ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

စစ်သင်္ဘောအုပ်စုသည် ရွှေကူမှ ဗန်းမော်မြို့သို့ ဦးတည်ပြီး အထက်သို့ ဆန်တက်ရန် ကြိုးပမ်းရာတွင် သင်္ဘော လုံခြုံရေးအတွက် မြေပြင်မှလည်း အင်အား ရာချီဖြင့်စစ်ကြောင်းထိုး ရှင်းလင်းရေး လုပ်ဆောင်ရာ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့၍ ဇူလိုင် ၂၆ရက်၊ ၂၇ရက်နှင့် ၂၉ ရက်တွင် မြေပြင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာခဲ့ဟု ကချင်သတင်းရင်းမြစ်က ပြောကြားသည်။

https://www.facebook.com/LuduNwayOo/videos/1914820012423378

ရုပ်သံ – Padang Nsen

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။