Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့ရှိ တပ်စခန်းများအား စစ်ကောင်စီက လေကြောင်းမှ ရိက္ခာပို့နေ

ကရင်နီပြည်နယ် ၊ဖရူဆိုမြို့ရှိ တပ်စခန်းများနှင့် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ စစ်ကောင်စီက လေကြောင်းမှ ရိက္ခာ၊ခဲယမ်းများ ထပ်မံပို့ဆောင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဩဂုတ်၁ရက်) ထုတ်ပြန်သည်။

ဖရူဆိုမြို့ရှိ တပ်စခန်းများအား စစ်ကောင်စီက လေကြောင်းမှ လေထီးဖြင့် ရိက္ခာထုပ်များ ချပေးနေစဉ်။ ဓာတ်ပုံ - Screen Grab

သြဂုတ်၁ ၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ် ၊ဖရူဆိုမြို့ရှိ တပ်စခန်းများနှင့် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ စစ်ကောင်စီက လေကြောင်းမှ ရိက္ခာ၊ခဲယမ်းများ ထပ်မံပို့ဆောင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဩဂုတ်၁ရက်) ထုတ်ပြန်သည်။

ဇူလိုင် ၃၁ ရက် မွန်းလွဲ (၁)နာရီခွဲမှ ညနေ ၃နာရီအချိန်အထိ ဖရူဆိုမြို့တွင်းရှိ တပ်စခန်းများနှင့် လောဂျာကျေးရွာအနီးရှိ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ၊ ရိက္ခာထုပ်ပစ္စည်းများအား လေထီးဖြင့် ပစ်ချပေးခဲ့ခြင်းဟု ဆိုသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များသို့ လေကြောင်းဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာပစ္စည်းများကို ဇူလိုင် ၈ရက် ၊ ၁၉ရက် နှင့် ဇူလိုင် ၃၁ရက်တို့တွင် လေထီးဖြင့်ချ၍ ပေးပို့ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဖရူဆိုမြို့နယ်အတွင်းရှိ အခြေစိုက်တပ်များသို့ ရိက္ခာနှင့်ခဲယမ်းများ ပို့ဆောင်ပေးနေသည့် အခြေအနေများကြောင့် အနီးဝန်းကျင်ရှိကျေးရွာများရှိ ပြည်သူများအနေဖြင့် စစ်ရေး၊လုံခြုံရေးသတိပြုရန် KNDFက တိုက်တွန်းသည်။

“ရိက္ခာတွေ ပြတ်လာတာလည်းဖြစ်နိုင်သလို စစ်ရေးလှုပ်ရှားမှု ပိုလုပ်နိုင်တယ်လို့လဲထင်ပါတယ်”ဟု စစ်ကောင်စီက ခဲယမ်း၊ရိက္ခာများ ဖြည့်တင်းမှုအပေါ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖရူဆိုမြို့နယ်တွင်း စစ်ကောင်စီတပ်များစစ်ရေးလှုပ်ရှားမှုရှိနေပြီး ထိတွေ့မှုများရှိလာနိုင်ကြောင်း က ရင်နီဒေသတွင်းစစ်ရေးစောင့်ကြည့်သူက သုံးသပ်သည်။

“ဒီးမော့ဆိုကို အခု လွိိုင်ကော်ဘက်ကနေ စစ်ထိုးတာ အရှိန်ရပြီဆိုရင် ဖရူဆိုက တပ်တွေပါတပ်ပြင် လှုပ်ရှားပြီး ဖရူဆိုတပ်နဲ့ ဒီးမော့ဆို ပေါင်းနိုင်တယ် ။ပြီးရင် ဘောလခဲဘက် ထပ်ဝင်ဖို့များတယ်။ကရင် နီ စစ်ရေးကလည်း ရှေ့လျှောက်ပြင်းထန်ဖို့ပဲ ရှိမယ်”ဟု ၎င်းက ပြောသည်။

ဖရူဆိုမြို့နယ်တွင် အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းအပြင် ခမရ(၅၃၁)တပ်ရင်းနှင့် ခမရ(၄၂၈)တပ်ရင်းများရှိပြီး ဖရူဆို-ဘောလခဲ ပြည်ထောင်စု လမ်းကြီးဘေး၌ရှိသည်။

ကရင်နီပြည်နယ်အတွင်း ကရင်နီတပ်ပေါင်းစုများသိမ်းပိုက်ထားသည့် ရှားတော၊မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။