Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်သို့လာသည့် စစ်သင်္ဘောအုပ်စုမှ ၅စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ဟု KIA ထုတ်ပြန်

ချင်းတွင်းမြစ်ကြောင်းတွင်လည်း စစ်သင်္ဘောနှင့် မော်တော် ၅စီးကို ပျက်စီးအောင်တိုက်ခိုက်ခဲ့ဟု PDF မော်လိုက်ခရိုင်တပ်ရင်း(၃) ထုတ်ပြန်

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများအား တော်လှန်ရေးတပ်များက တိုက်ခိုက်နေစဉ်။ (မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်း)

ဩဂုတ် ၂၊၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့သို့စစ်အင်အားနှင့်လက်နက်ခဲယမ်းဖြည့်တင်းရန်ကြိုးပမ်းလာသည့်စစ်သင်္ဘောအုပ်စုကိုကချင်လွတ်လပ်ရေးတပ်မ တော် (KIA)ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်သင်္ဘော ၅စီးထိခိုက်ပျက်စီးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၁ရက်တွင် ကချင်ဘာသာဖြင့် သတင်းဖော်ပြသည်။

မန္တလေးမြို့မှ အထက်သို့ဆန်တက်လာသည့် စစ်သင်္ဘောများကို KIAက တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၆ရက်က ကသာမြို့နယ် မိုးတားလေးဒေသ၊ ဇူလိုင် ၂၇ရက်မှ ဩဂုတ် ၁ရက်ထိ ရွှေကူမြို့နယ် ငဘတ်၀ဒေသ၊ ဒုတိယမြစ်ကျဉ်း အနီးဝန်းကျင်၊ ဗန်းမော်မြို့နယ် မြလည်ဒေသတို့၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်သင်္ဘောများတိုက်ခိုက်မှု၊ စစ်သင်္ဘောများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည် ပြုထားသည်။ စစ်သင်္ဘောများထိခိုက်မှု အခြေအနေ၊ စစ်သင်္ဘောများ ဗန်းမော် ရောက်ရှိမှု အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

သင်္ဘော ၅စီးပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြား ရေးဌာန၏ ကချင်ဘာသာ သတင်းဖော်ပြချက်ကို ကချင်သတင်းရင်းမြစ် အချို့ကဘာသာပြန်ပြီး အတည်ပြု ပြောပြသည်။

“ကျနော်ကြားရတာက ၆စီးလို့ကြားရတယ်။ သူတို့ လိုင်းပေါ်မှာ(သတင်းဖော်ပြချက်မှာ)တော့ ၅စီးလို့ဖော်ပြတာ။ ဒါပေမဲ့သူတို့အထဲကသူတွေပြောတာ ၆စီးလို့ ပြောတယ်”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အခြားသတင်းရင်းမြစ်ကလည်း စစ်ကောင်စီသင်္ဘောများမှာ ယမန်နေ့ညပိုင်းတွင် ဗန်းမော်မြို့သို့ ဝင်ရောက်လာပြီဟု ပြောပြသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အခြားသတင်းတရပ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်သဘော်များနှင့်စစ်လက်နက်ရိက္ခာတင် မော်တော်ကြီးများအား အမှတ်(၁)စစ်ဒေသမော်လိုက်ခရိုင် PDF တပ်ရင်းများ၊ပကဖများပူးပေါင်းတိုက်ခိုက်ခဲ့ဟု မော်လိုက်ခရိုင် တပ်ရင်း(၃)က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကတည်းကမော်လိုက်ခရိုင် တပ်ရင်း(၃)က စစ်သင်္ဘောများ တိုက်ခိုက်ခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ရာ အမှတ်(၁) စစ်ဒေသကလည်း ယင်းထုတ်ပြန်ချက်ကို ပြန်လည်ဖော်ပြခဲ့သည်။

မော်လိုက်ခရိုင်ခရိုင်တပ်ရင်း(၁)(၂)(၃)(၄)နှင့်မော်လိုက်မြို့နယ်ပကဖ|ဖောင်းပြင်မြို့နယ်ပကဖ များ စစ်ဒေသ လက်ရုံးတပ်များ ခန္တီး ခရိုင်လက်နက်ကြီးအဖွဲ့၊ ကသာခရိုင်-တပ်ရင်း(၂) လက်နက်ကြီးအဖွဲ့ တမူးခရိုက်လက်နက်ကြီးအဖွဲ့တို့မှ စစ်သင်္ဘောများကို ဇူလိုင် ၂၅ရက်မှ ၂၈ရက်နေ့အထိ တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

တိုက်ခိုက်မှုများကို မော်လိုက်ခရိုင် မော်လိုက်မြို့နယ်တွင်းတစ်နေရာ မော်လိုက်ခရိုင်ဖောင်းပြင်မြို့နယ်တွင်း နှစ်နေရာတို့၌ ပြုလုပ်ခဲ့ရာ စစ်သင်္ဘောများနှင့် စစ်လက်နက်ရိက္ခာတင် မော်တော်ကြီးများမှ စစ်သဘော်တစ်စီး မော်တော် ၄စီးမီးလောင်ပျက်စီးခဲ့ကြောင်း တိုက်ခိုက်မှု မှတ်တမ်းရုပ်သံများဖော်ပြ အသိပေးသည်။

ထို့ပြင်စစ်ကောင်စီတပ်မှစစ်သား ၅ဦးသေဆုံးကာ၈ဦးဒဏ်ရာရခဲ့ကြောင်းတပ်တွင်းသတင်းရင်းမြစ်နှင့် တော်လှန်ရေးတပ်များ၏ ထောက်လှမ်းရေးများမှတဆင့်အတည်ပြုသိရှိရကြောင်း ထုတ်ပြန်သည်။

ဇူလိုင် ၂၈ရက် တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုကို ဆက်လက်သတင်းယူနေဆဲဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး