Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်တိုက်ဖျက်ရေး တရုတ်က KIAအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပိုမိုပူးပေါင်းလာ

တရုတ်နိုင်ငံနှင့်နယ်စပ်မြို့များတွင်ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်အစိုးရသည် KIA၊ UWSAအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများပိုမိုပြုလုပ်လာကြောင်း စုံစမ်းသိရသည်။

တရုတ်ရဲတပ်ဖွဲ့ထံ ဩဂုတ်လ ၁ရက်နေ့က KIA ပြန်လွှဲပေးခဲ့သည့် တရုတ်နိုင်ငံသားများ။ဓါတ်ပုံ-CJ

သြဂုတ်-၃၊၂၀၂၅။လူအေး/People’s Spring

တရုတ်နိုင်ငံနှင့်နယ်စပ်မြို့များတွင်ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်အစိုးရသည် KIA၊ UWSAအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများပိုမိုပြုလုပ်လာကြောင်း စုံစမ်းသိရသည်။

ကျားဖြင့်တိုက်ဖျက်ရေးအတွက်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊” ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့နှင့် တရုတ်ကိုယ်စားလှယ်အချို့ ဆွေးနွေးမှုများရှိခဲ့သည်ဟု သတင်းရင်းမြစ်တဦးကပြောသည်။

“စစ်ကောင်စီကအမှန်တကယ် ဖိဖိစီးစီးလုပ်မပေးဘူးလို့တရုတ်ကမြင်လာတယ်။ဥပမာမူဆယ်မှာဆိုရင် စစ်ကောင်စီကအပြည့်အဝထိန်းချုပ်ထားပေမယ့်ကျားဖြန့်ကကြီးမားနေတယ်။ကျားဖြန့်ဂိုဏ်းတွေမှာ စစ်တပ်ကပါနေတယ်လ်ို့တရုတ်ကသိနေတယ်။မူဆယ်အချုပ်ခန်းမှာကျားဖြန့်တရုတ်အမျိုးသမီးတစ်ယောက် သေဆုံးတဲ့အထိ ဖြစ်တာလည်း တော်တော်စိတ်ပျက်သွားတယ်” ဟု တရုတ်နိုင်ငံရွှေလီမြို့တွင်နေထိုင်ပြီး ရွှေလီအစိုးရနှင့် နီးစပ်သောအဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက မူဆယ်ရဲစခန်းအချုပ်တွင် ဖမ်းဆီးထားသည့် ကျားဖြန့်တရားခံများထဲမှ တရုတ်အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီးသေဆုံးခဲ့သည်။

ယခုရက်ပိုင်းအတွင်း၌ နမ့်ခမ်းမြို့နယ်အတွင်း ကျားဖြန့်စစ်ဆင်ရေးအတွက် TNLAက လုံခြုံရေးတင်းကြပ်မှုရှိခဲ့သလို KIAကလည်း ရှမ်းမြောက်နယ်စပ်ဒေသအချို့မှ ဖမ်းမိသည့်ကျားဖြန့်ရုံများမှ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို သြဂုတ် ၁ရက်နေ့တွင် တရုတ်ရဲတပ်ဖွဲ့ထံလွှဲအပ်ခဲ့သည်။

ကျားဖြန့်ထိန်းချုပ်ရေးအတွက်တရုတ်အစိုးဘက်မှ ပြောဆိုဆွေးနွေးမှုများရှိသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အား ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံနှင့်နယ်စပ် ဒေသအချို့တွင် KIAက ဖမ်းဆီးခဲ့သည့် ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသား ၁၀၀ကျော်ကို ပြန်လွှဲပေးခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“သီးသန့်အကူအညီတောင်းတာတွေ၊လက်တွေ့ပူးပေါင်းပြီးမှ လုပ်ငန်းဆောင်ရွက်တာတွေတော့မရှိဘူး။ဒါပေမယ့်ကျားဖြန့်ကတော့အားလုံပူးပေါင်းပြီးမှနှိမ်နင်းရအောင်လို့ ပြောတာတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

UWSAကလည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်နေ့ကလည်း ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်သည့် တရုတ်နိုင်ငံသား၅၈ဦးကို UWSAကတရုတ်အစိုးရထံပြန်လည်လွှဲပြောင်းပေးခဲ့သည်။UWSA က ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းကျားဖျန်လုပ်ငန်း များကို ၈ ကြိမ် ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား စု (၃၁၁) ဦးတို့ကို တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း Wa Land Newsက ဩဂုတ်လ ၂ရက်နေ့တွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီကလည်း ကျားဖြတ်လုပ်ငန်းအချို့ကိုဖမ်းဆီးပြီး တရုတ်အစိုးရထံပြန်လည်လွဲပြောင်းပေးမှုများရှိခဲ့သည်။ သို့သော် စစ်ကောင်စီထိန်းချုပ်ဒေသများတွင် ကျားဖြန့်လုပ်ငန်းအများအပြားကျန်ရှိနေဆဲဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA၊AAနှင့် MNDAAတို့က၂၀၂၃ခုနှစ်၊အောက်တိုဘာလ၂၇ရက်နေ့တွင် ၁၀၂၇စစ်ဆင်ရေးကိုဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့်လုပ်ငန်းများကို နှိမ့်နင်းမည်ဟုကြေညာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။ ဖမ်းမိသည့် တရုတ်နိုင်ငံသားအများအပြားကို တရုတ်အစိုးရထံလွဲပြောင်းပေးခဲ့သည်။

ထိုစစ်ဆင်ရေးစတင်ပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးသွားခဲ့ကြသော်လည်း စစ်ကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် အရှေ့ပိုင်းမှ မြို့နယ်များတွင် ကျားဖြန့်လုပ်ငန်း အများအပြားကျန်ရှိနေဆဲဟု ​ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”