Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့နံနက်၁၀နာရီခွဲခန့်တွင်လေကြောင်းမှ ဗုံးထပ်မံကြဲသွားသည်။

စစ်တပ်ဗုံးကြဲ၍ ​အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ

သြဂုတ်-၄၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့နံနက်၁၀နာရီခွဲခန့်တွင်လေကြောင်းမှ ဗုံးထပ်မံကြဲသွားသည်။

ကျောက်မဲမြို့၊ ရပ်ကွက်(၆)ကိုဗုံးကြဲခြင်းဖြစ်ပြီး ပေါက်ကွဲသံအလွန်ပြင်းထန်ကြောင်း ဒေသခံတဦးကပြောသည်။

၎င်းက ” ပုဂ္ဂလိကဆေးခန်းတစ်ခုနားကိုကျတယ်။ ထိခိုက်မှုရှိတယ်ကြားပေမယ့်သွားကြည့်လို့လည်းမရသေးဘူး။အပြင်လည်းမထွက်ရဲကြဘူးလေ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်ထိခိုက်မှုအခြေအနေကိုမသိရသေးသလို ကျောက်မဲမြို့ပေါ်တွင်ဂျက်ဖိုက်တာတစ်စီးထပ်မံပျံသန်းနေကြောင်းသတင်းရရှိသည်။

“TNLA‌တွေ မြို့ပေါ်မှာမရှိဘဲနဲ့ မြို့ထဲကိုပစ်နေတာ”ဟုဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း ကျောက်မဲမြို့ကို လေကြောင်းမှ သုံးကြိမ်ထက်မနည်းဗုံးကြဲခဲ့သည်။TNLAထိန်းချုပ်မြို့နယ်များအနက်လက်ရှိတွင်ကျောက်မဲမြို့သည် လေကြောင်းတိုက်ခိုက်မှုအများဆုံးခံနေရသည်။

ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်၊ ၂၇ရက်၊၂၉ရက်၊ ဇူလိုင်လ ၆ရက်၊ဇူလိုင်လ ၈ရက်၊ ဇူလ်ိုင်လ ၁၉ ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ဦးခန့် ဒဏ်ရာရခဲ့သည်။

ကျောက်မဲနှင့်နယ်မြေချင်းဆက်စပ်နေသော မိုင်းငေါ့မြို့နယ်နှင့်သီပေါမြို့နယ်ကိုလည်းစစ်ကောင်စီကမကြာခဏဗုံးကြဲနေသည်။တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၎င်းတို့ထိန်းချုပ်ဒေသမှပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်သတိပြုကြရန် ထပ်မံသတိပေးထားသည်။

နောင်ချိုမြို့ကိုသိမ်းယူပြီးနောက် စစ်ကောင်စီက ကျောက်မဲမြို့ကိုတိုက်ခိုက်နိုင်ကြောင်းသတင်းများထွက်ပေါ်နေပြီး လေကြောင်းမှမကြာခဏဗုံးကြဲနေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင်TNLAထိန်းချုပ်ဒေသများကိုဗုံးကြဲရန်လှုံ့ဆော်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။