Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကို တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်

ရုရှားတပ်သားနှင့် ဒရုန်းပညာရှင်တို့ရောက်နေသည်ဆိုသော မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် ခြေမြန်တပ်မ ဌာနချုပ် တပ်မ(၁၀၁)ကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Screen Grab

သြဂုတ်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ရုရှားတပ်သားနှင့် ဒရုန်းပညာရှင်တို့ရောက်နေသည်ဆိုသော မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် ခြေမြန်တပ်မ ဌာနချုပ် တပ်မ(၁၀၁)ကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သြဂုတ် ၂ ရက်က ၆၀ မမ ဖြင့် မီတာ ၂,၀၀၀ ဝန်းကျင်(ပေ ၆,၅၀၀ ကျော်)အကွာမှ တပ်မ ၁၀၁ တပ်ထဲသို့ ဦးတည်ပစ်ခတ်မှုတွင် ဗုံးသီးနှစ်လုံးသည် တပ်ထဲသို့ ကျရောက် ပေါက်ကွဲသည်ဟု ဆိုသည်။

“တပ်မ ၁၀၁မှာ ညောင်ဦးဘက်ကနေ စစ်ကားအကြီး ၅စီးနဲ့ ရုရှားစစ်သားတွေရောက်လာတယ်လို့သိရတာရော ပြီးတော့ တခြား ဘက်တွေမှာ စစ်ရေးအရ ဖိနေတဲ့အတွက်ရော ဒီတိုက်ခိုက်မှုကိုလုပ်ရခဲ့တာဖြစ်တယ်”ဟု အထက်ပါတာဝန်ရှိသူက တပ်မ ၁၀၁ ကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Burma Revolution Rangers၊ Pakokku People Defense Force နှင့် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ ပစ်ခတ်မှုအတွင်း စစ်ကောင်စီ၏ တပ်မ ၁၀၁ မှ စက်တပ်လေထီးနှစ်စီးအပါအဝင် မြေပြင်တပ်ကပါ စစ်ကြောင်းထိုးလာ၍ ဆုတ်ခွာခဲ့ကြောင်း အသိပေးသည်။

ထို့နောက် စက်တပ်လေထီးနှစ်စီးက လိုက်လံပစ်ခတ်ခဲ့၍ ရဲဘော်အချို့ပိတ်ဆို့ခံခဲ့ရသော်လည်း ပြန်လည်လွတ်မြောက်လာခဲ့ကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

“ကျနော်လည်း အရှင်တော့အမိမခံဘူး။ အရံကျည်ချန်ပြီး ကိုယ့်ကိုယ်ကို အဆုံးစိရင်ဖို့ထိတွေးမိခဲ့သေးတယ်။ ဒါပေမယ့် ထွက်ခွင့်သာတာနဲ့ ကျနော်တို့တွေ အယောင်ပြပြီးထွက်လာခဲ့ရတာ”ဟု တိုက်ခိုက်မှုတွင် ပိတ်မိခဲ့သည့် ရဲဘော်ဒီမိုက ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း Burma Revolution Rangers က ယနေ့ ထုတ်ပြန်ထားသည်။

“တပ်မ ၁၀၁ ထဲမှာ ရုရှား Drone နည်းပညာသမားတွေရောပါတယ်လို့သိရတယ်”ဟု ပခုက္ကူအခြေစိုက် ရဲဘော်တစ်ဦးက ပြောသည်။

ပခုက္ကူတပ်မ ၁၀၁ မှ အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် ပေါက်မြို့နယ် ကပစ ၂၄ ဘက်သို့ ဦးတည်၍ စစ်ကြောင်း ထိုးနေသည်မှာ နှစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲများဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။