Connect with us

Hi, what are you looking for?

သတင်း

DKBA စစ်ရေးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ်အသေခံဒရုန်းနဲ့တိုက်ခိုက်

ကရင်ပြည်နယ်၊ထိုင်းနယ်စပ်ဝေါ်လေမြို့မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)တပ်ဖွဲ့ရဲ့စစ်ရေးချုပ်ဗိုလ်မှူးချုပ်စောစိန်ဝင်း နေအိမ်ကို မနေ့ (ဩဂုတ်လ ၃ ရက်)ညနေပိုင်းမှာ စစ်ကောင်စီတပ်ကဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းကိုတွေ့ရပုံ ( ပုံဟောင်း )

သြဂုတ် – ၄ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ထိုင်းနယ်စပ်ဝေါ်လေမြို့မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)တပ်ဖွဲ့ရဲ့စစ်ရေးချုပ်ဗိုလ်မှူးချုပ်စောစိန်ဝင်း နေအိမ်ကို မနေ့ (ဩဂုတ်လ ၃ ရက်)ညနေပိုင်းမှာ စစ်ကောင်စီတပ်ကဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ ညနေပိုင်းအချိန်မှာ ဝေါ်လေမြို့၊ အမှတ်(၄)ရပ်ကွက်မှာရှိတဲ့ DKBA တပ်ဖွဲ့ ရဲ့စစ်ရေးချုပ်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်း ဖြစ်တဲ့ ဗိုလ်မှူးချုပ်စောစိန်ဝင်းရဲ့ နေအိမ်ကို ဝေါ်လေဗျူဟာ စစ်ကောင်စီတပ်က အသေခံ(ကာမီကာဇေ)ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲဒီ တိုက်ခိုက်မှုကြောင့် DKBA စစ်ရေးချုပ် ဗိုလ်မှူးချုပ်စောစိန်ဝင်းရဲ့ နေအိမ်ခေါင်မိုး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် နေအိမ်မှာလူသူ မရှိတဲ့အတွက် လူထိခိုက်မှုတစုံတရာမရှိဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်မှူးချုပ်စောစိန်ဝင်းဟာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ DKBA အဖွဲ့အစည်းရဲ့ ဦးဆောင်သူအဖြစ် ကိုယ်တိုင်တက်ရောက်ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဟာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်( NCA )ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အာဏာ သိမ်း စစ်ကောင်စီနဲ့ လည်း နေပြည်တော်မှာ တွေ့ဆုံမှု ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတော့ နယ်စပ်က သေဘောဘိုးစခန်းတိုက်ပွဲမှာ ဝေါ်လေဗျူဟာကနေ သွားရောက်စစ်ကူပေးခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ DKBA ဗဟိုဌာနချုပ်ဖြစ်တဲ့ ဆုံဆည်းမြိုင်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်သွားခဲ့တာပါ။

အဲဒီနောက် ဆုံဆည်းမြိုင်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဝေါ်လေမြို့အနီး ဝေါ်လေ-ထီးသဲလယ်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)ဦးဆောင်တဲ့ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် အသေခံ(ကာမီကာဇေ)ဒရုန်းတွေသုံးပြီး တိုက်ခိုက်တာရှိပါတယ်။

ဒေသခံတွေကတော့ ထိုင်းနိုင်ငံဘက်ခြမ်းနဲ့ အခြားနီးစပ်ရာဒေသတွေဘက်ကို တိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။