Connect with us

Hi, what are you looking for?

သတင်း

မအီမြို့ကို စစ်တပ်က ဗုံးကြဲပြီး သံတွဲမြို့ကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မအီမြို့ကို စစ်ကောင်စီကယ​​နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ‌ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးသံတွဲမြို့ကို လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့သည်။

သြဂုတ်-၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မအီမြို့ကို စစ်ကောင်စီကယ​​နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ‌ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးသံတွဲမြို့ကို လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့သည်။

မအီမြို့ရဲစခန်းနေရာနှင့် ပတ်ဝန်းကျင်ကို သြဂုတ် ၄ ရက်နေ့လယ် ၁နာရီ ၁၉မိနစ်နှင့် ၁နာရီ၂၃မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး အရပ်သားသေဆုံးမှုရှိကြောင်းဒေသခံတစ်ဦးကပြောသည်။

“သေဆုံးတာကျတော်တို့အသိထဲကတဦးတော့ သေချာတယ်။ဗုံးစထိတာ” ဟုတောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။ထိခိုက်မှုအသေးစိတ်ကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

စစ် ကောင်စီသည်ဩဂုတ်လ ၂ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် သံတွဲမြို့ကိုလည်း‌ ယနေ့ထပ်မံ၍လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

“သံတွဲမြို့ကကျောက်ကြီးရွာကို ပစ်တာ” ဟုသံတွဲမြို့မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

သိူ့​သော်ဖုန်းလိုင်းများမရရ၍ ထိခိုက်မှုကို မေးမြန်းမရသေးပေ။

ဇွန်လ ၇ရက် ညပိုင်းက ကျောက်ကြီးရွာစာသင်ကျောင်း၊ ပုဇွန်ဖြေရွာစာသင်ကျောင်းနှင့် စစ်သားစုဆောင်းရေးတပ်ကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့ရာစစ်ဘေးရှောင်လေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။