Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ၊ သီပေါနှင့် နောက်ပိန်တွင် ရေကြီး

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်သတိပြုနေရသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါမြို့နှင့် နောင်ပိန်ရွာတွင် ရေဘေးကြုံတွေ့နေသည်။

ကျောက်မဲမြို့ပေါ် ရေကြီးနေသည်ကို ယနေ့ ဩဂုတ် ၆ရက် ညနေပိုင်းက ‌တွေ့ရစဉ်။ ဓာတ်ပုံ -CJ

ဩဂုတ်-၆၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်သတိပြုနေရသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါမြို့နှင့် နောင်ပိန်ရွာတွင် ရေဘေးကြုံတွေ့နေသည်။

TNLA ထိန်းချုပ်ထား‌သော ကျောက်မဲမြို့၊ နောက်ပိန်ရွာနှင့် သီပေါမြို့တွင် မိုးကောင်းနေပြီး မြို့ပေါ်နေရာများပါ ရေဘေးကြုံတွေ့နေခြင်းဖြစ်သည်။

“အုတ်နံရံပြိုကျလို့ လူအထိအခိုက်ရှိတယ်။ မိုးကဆင်ကောင်းနေတယ်။ ချောင်းရေတွေလည်းလျှံနေပြီ” ဟု ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ပေါ် ရေကြီးနေသည်ကို ယနေ့ ဩဂုတ် ၆ရက် ညနေပိုင်းက ‌တွေ့ရစဉ်။ ဓာတ်ပုံ -CJ

ကျောက်မဲမြို့၊ နောက်ပိန်ရွာနှင့် သီပေါမြို့သည် ပြည်ထောင်စုလမ်းမအတိုင်း တစ်ဆက်တည်းရှိသည်။ TNLA ထိန်းချုပ်ဒေသများတွင် ပါဝင်ပြီး စစ်ကောင်စီက လေ‌ကြောင်းမှ မကြာခဏ ဗုံးကြဲနေပြီး လက်နက်ကြီးများဖြင့်လည်းပစ်ခတ်နေသည်။ ယင်းနေရာသုံးခုအား ပြီးခဲ့တည့် ဇူလိုင်လနှင့် သြဂုတ်လဆန်းတွင် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား၂၀ကျော်သေဆုံးခဲ့သည်။ လေကြောင်းနှင့်လက်နက်ကြီးအန္တရာယ်သတိပြု‌ နေရချိန်တွင် ရေဘေးပါကြုံတွေ့နေ၍ ဒေသခံများအခက်အခဲကြုံတွေ့နေသည်။

“ရေက တက်‌နေပါတယ်။ ရွှေ့ပြောင်းရတာတွေရှိနေပါပြီ။ နောက်ပြီးတော့ တောင်ကျရေဘေးအန္တရာယ်လည်း လိုက်ပြီး သတိပေးထားတယ်”ဟု သီပေါမြို့ခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရေဘေးမကြုံတွေ့မီ က ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၌ ရေဘေးကြုံတွေ့ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိခဲ့သည်။ ဇူလိုင်လတတိယလပတ်အတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်မြို့နယ်နှင့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် မိုးသည်းထန်ပြီး ရေဘေးကြုံခဲ့သည်။ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့တွင် ရေဘေးကြောင့် လူသုံးဦးသေဆုံးခဲ့သည်။ ဩဂုတ် ၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် တောင်ကျရေကြောင့် လူရှစ်ဦးသေဆုံးခဲ့သည်။

လက်ရှိ ဩဂုတ်လဆန်းကာလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ဒေသဖြစ်သည့် လိုင်ဇာမြို့၊ ကရင်ပြည်နယ်မှ သံတောင်ကြီးမြို့၊ ကရင်ပြည်နယ်နှင့်ပဲခူးတိုင်း ဆက်စပ်ဒေသများတွင် မိုးကောင်းပြီးရေကြီးနေသည်။ သံတောင်ကြီးမြို့မှ တောင်ပေါ်ရွာများတွင် ဆိုးရွားသည့် တောင်ကျရေဘေးကြောင့် ရွာလုံးကျွတ်ပျက်စီးမှုများရှိနေပြီး ရှစ်ဦးထက်မနည်းသေဆုံးကာ ပျောက်ဆုံးနေသူအချို့လည်းရှိကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

ဩဂုတ် ၄ရက်မှ ၁၀ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ဘက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး မုတ်သုံလေ အားကောင်းနေ၍ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက(MOHADM)သတင်းထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကိုသတိပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။