Connect with us

Hi, what are you looking for?

သတင်း

NUG ယာယီသမ္မ ၊ KIO မှ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် တို့နှင့် ချင်းညီနောင် ခေါင်းဆောင်များတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တို့နှင့် ချင်းညီနောင်ခေါင်းဆောင်များ သီးခြားစီတွေ့ဆုံခဲ့ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက၎င်း၏​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။

ဓါတ်ပုံ- ဆလိုင်းတင်မီ

ဩဂုတ် ၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တို့နှင့် ချင်းညီနောင်ခေါင်းဆောင်များ သီးခြားစီတွေ့ဆုံခဲ့ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက၎င်း၏​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်သော ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဆလိုင်းတင်မီက ၎င်းအပါအဝင် ချင်းညီနောင် ခေါင်းဆောင်များ၏ လိုင်ဇာခရီးစဉ်မှတ်တမ်းဓာတ်ပုံများကို ဖော်ပြကာ NUG၊ KIO ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့မှုကို အသိပေးထားခြင်းဖြစ်သည်။

ဆလိုင်းတင်မီက ချင်းညီနောင်တာဝန်ရှိသူများ KIO ဌာနချုပ် လိုင်ဇာသို့ရောက်ရှိမှု မှတ်တမ်းဓာတ်ပုံ၊ NUGယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တို့နှင့်အတူ အခန်းတခု၌ ရိုက်ကူးထားသည့်မှတ်တမ်းဓာတ်ပုံ၊ ဒုဗိုလ်ချုပ်ကြီးဂွန်မော် အပါအဝင် KIA အရာရှိ အချို့နှင့်ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံတို့ကို ဖော်ပြကာ ချင်းညီနောင်၏ လိုင်ဇာခရီးစဉ်အကြောင်းအသိပေးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တစ်ကယ်တော့ ဒီခရီးစဥ်က 2021 ကလက်နက်စကိုင်တဲ့ ၄နှစ်သားအရွယ်တွေအတွက် မှတ်ကျောက်တစ်ခုပါ။ သင်ယူစရာတွေလေ့လာစရာတွေအများကြီး တွေ့ခဲ့ရတယ်။ တော်လှန်ရေးဘိုးအေတွေ ဘယ်လိုအလုပ်လုပ်သလဲ.. ဘယ်လိုစဥ်းစားကြသလဲ.. ပါတွေလုပ်ဆောင်နေပြီလေ.. စသဖြင့်ပေါ့။ ဒီခရီးစဥ်က ဘယ်အဖွဲကိုမှထိခိုက်နှစ်နာစေတဲ့ခရီးစဥ်မဟုတ်ပါဘူး။ ဒီထက်စည်းလုံကြဖို ဒီထက်ကြိုးစားကြဖို သင်ခန်းစာတွေရခဲ့တဲ့ခရီးစဥ်ပါပဲ” ဟု ဆလိုင်းတင်မီက ရေးသားထားသည်။

ရှေကဆက်ပြီး အားလုံးပူးပေါင်းလုပ်ဆောင်ကြရမည်ဟုလည်း ဆလိုင်းတင်မီက​ရေးသားထားသည်။

“ဗိုလ်ချုပ်(ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကို ရည်ညွှန်းသည်ဟု ယူဆရ)ရဲ့အမှာစကားကတော့ ” ချင်းဆိုတဲ့ နွားလှည်းကြီးကို CB နဲ့ CNF ဆိုတဲ့နွားသိုးကြီးနှစ်ကောင်ကဆွဲရမှာပဲ။အဲလိုဆွဲလိုရအောင် လှည်းပေါ်ကနေနှာဖာကြိုးနဲ့ မောင်းပေးမည့် လူ(Platform) တော့လိုတယ်.” ဟုလည်း ဆလိုင်းတင်မီက က ရေးသာထားသည်။

ချင်းညီနောင်နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ပါဝင်ဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ(CC)တို့သည် ချင်းအမျိုးသားကောင်စီ တခုတည်းဖြစ်ရေး သဘောထားရှိသော်လည်း ချင်းညီနောင်အဖွဲ့ဝင် CNDFနှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDFဟွားငိုးရမ်၊ CNF/CNA အကြား ဇူလိုင်လအတွင်းက တိုက်ပွဲအချို့ရှိခဲ့သည်။ ထို့ကြောင့်ချင်းတော်လှန်ရေးအင်အားစုများအချင်းချင်းအကြား ညီညွတ်ရေးအတွက် NUG အပါအဝင် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။

ချင်းညီနောင်၏ လိုင်ဇာခရီးစဉ်နှင့်ပတ်သက်၍ ဆလိုင်းတင်မီအား ဆက်သွယ်မေးမြန်းရာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ထံ မေးမြန်းရန် ပြောကြားသည်။ ထို့ကြောင့်ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ချင်းညီနောင်သည် အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ဖြစ်ပြီး ချင်းညီနောင်နှင့်မဟာမိတ်များက ချင်းပြည်နယ်ရှိ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ကျင်ဒွေး၊ ဖလမ်းမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။