Connect with us

Hi, what are you looking for?

သတင်း

ဂျပန်နှင့် စင်ကာပူနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်လှုပ်ရှားမှုပြုလုပ်

ယနေ့ (သြဂုတ် ၈) ကျရောက်သည့် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် ဂျပန်နှင့် စင်ကာပူနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ် ပြုလုပ်ခဲ့ကြသည်။

သြဂုတ်-၈၊၂၀၂၅။ သုည/People’s Spring

ယနေ့ (သြဂုတ် ၈) ကျရောက်သည့် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် ဂျပန်နှင့် စင်ကာပူနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ် ပြုလုပ်ခဲ့ကြသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီ၏ သံရုံးရှေ့တွင် Revolution Tokyo Myanmar အဖွဲ့က ၈သင်္ကေတပုံစံကို ထီးများကို ကိုင်ဆောင်ကာ ရှစ်​​လေးလုံး ထီးသပိတ်ကို ဖော်ဆောင်ခဲ့ပြီး “ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး” စာတန်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စင်ကာပူနိုင်ငံတွင်လည်း ပြည်ပရောက်တော်လှန်ပြည်သူများက ဦးဆောင်ပြီး (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှစ်​​လေးလုံး ထီးသပိတ်ကို ပါဝင်ခဲ့ကြောင်း ရန်ကုန်လူထုသပိတ်က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

ရန်ကုန်လူထုသပိတ်အနေဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် ၈သင်္ကေတရိုက်နှိပ်ထားသည့် ထီးများကို ရောင်းချထားသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဆိုပါထီးများအပါအဝင် ၈ဂဏန်းနှင့် သက်ဆိုင်သည့်အရာများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ရန် နှိုးဆော်ထားသည်။

ဓာတ်ပုံ – RTM ၊ ရန်ကုန်လူထုသပိတ်

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။