Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းရှိ ရေမျက်နီကာကင်းစခန်းကို စစ်တပ်က လူနှင့်ရိက္ခာဖြည့်တင်းနေ

မကွေးတိုင်း၊ထီးလင်းမြို့နယ်ရှိ ရေမျက်နီကာကင်းစခန်းကို စစ်ကောင်စီက လူနှင့်ရိက္ခာဖြည့်တင်းနေဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ရေမျက်နီကာကင်းစခန်းသို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သားများကို တွေ့ရစဥ်။ဓာတ်ပုံ - ထီးလင်း ပကဖ

သြဂုတ်-၈ ၊၂၀၂၅။ရဲခေါင်/Peoples Spring

မကွေးတိုင်း၊ထီးလင်းမြို့နယ်ရှိ ရေမျက်နီကာကင်းစခန်းကို စစ်ကောင်စီက လူနှင့်ရိက္ခာဖြည့်တင်းနေဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ကျောမြို့အခြေစိုက် အမှတ်(၂၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃)မှ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းသည် ဩဂုတ်၇ရက်တွင် ရေမျက်နီကာကင်းစခန်းသို့ ရောက်ရှိလာခြင်းဟု ဆိုသည်။

“စခန်းသိမ်းမှာ ကြောက်လို့လည်းဖြစ်နိုင်သလို ပြီးတော့ လူအပြောင်းအလဲ လုပ်တာ။လက်နက်ခဲယမ်းဖြည့်တင်းတာတွေဖြစ်နိုင်တယ်”ဟု ထီးလင်းပကဖ တာဝန်ရှိသူက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ကာကင်းစခန်းရှိရာ ရေမျက်နီကျေးရွာသည် ထီးလင်းမြို့နှင့် (၂၈)မိုင်ခန့်နှင့် ဂန့်ဂေါမြို့နယ်နှင့် (၂၃)မိုင်ဝန်းကျင် ကြားတွင် ရှိသည်။

ရေမျက်နီရွာသည် ထီးလင်းနှင့် ဂန့်ဂေါမြို့နယ်အတွက် အဝင်၊အထွက် လမ်းဆုံကဲ့သို့ ဖြစ်နေသည့်အပြင် ကျောကပစ အတွက် ကာကင်းနေရာတစ်ခုဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှုများတွင် အရေးပါသည်ဟု ထီးလင်း ဒေသခံတစ်ဦးက အသိပေးသည်။

“အရင်က အင်အား ၅၀ ကျော်ရှိတယ်။နောက်ပြီး အိုနာကျိုးကန်းတွေများနေတာရယ်နာမကျန်းတွေလဲ ရှိနေတယ်ဗျ။အင်အားနည်း နေလို့ရယ် တလရ အဖွဲ့တွေကမကြာခဏ လက်နက်ကြီးနဲ့ ဒရုန်းတို့နဲ့တိုက်ခိုက်နေတာကြောင့် အင်အားထပ်တိုးတာ”ဟု ၎င်းက ရေမျက်နီကာကင်းစခန်းအခြေအနေကို ပြောသည်။

ရေမျက်နီကာကင်းစခန်းကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး လေ ကြောင်း ပစ်ကူကြောင့် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

စစ်ကောင်စီ၏ သြဂုတ် ၁ရက်က အရေးပေါ် အခြေအနေကြေညာခဲ့သော မြို့နယ် ၆၃မြို့တွင် ထီးလင်းမြို့နယ်လည်း ပါဝင်သည်။မြို့ပေါ်ကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး မြို့နယ်ရှိ ဒေသအများစုကို ကာကွယ်ရေးတပ်များက စိုးမိုးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။