Connect with us

Hi, what are you looking for?

သတင်း

စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းရဲ့တူ ဗိုလ်ကြီး မိုင်းဆွဲခံပြီး​​သေဆုံး

စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက သူ့ရဲ့တူဖြစ်သူ မိုင်းဆွဲခံရပြီး ​သေဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့က(ဒီဇင်ဘာ ၁၀ ရက်)အသိပေးပါတယ်။

သေဆုံးသွားတဲ့ စစ်ဗိုလ်မိုးဝင်းထွဋ် ကိုမိသားစုနဲ့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-မျိုးသိန်း​ဖေစ်ဘွခ်

ဒီဇင်ဘာ-၁၁ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက သူ့ရဲ့တူဖြစ်သူ မိုင်းဆွဲခံရပြီး ​သေဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့က(ဒီဇင်ဘာ ၁၀ ရက်)အသိပေးပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်း ဗိုလ်ချုပ်မျိုးသိန်းကလက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ အရပ်သား အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နဲ့ တပါတ်စဥ်တည်းဆင်းဖြစ်တယ်လို့ စစ်ဗိုလ်ချုပ်ဟောင်းက​ဆိုပါတယ်။

ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက “ပြီးခဲ့တဲ့အပတ်က တူတယောက် ဆွဲမိုင်းမိပြီး ကျသွားတယ်။ သူဗိုလ် လောင်းတက်ကတည်းက ကြိုးစားဖို့ မှာခဲ့တယ်။ ခွင့်ပြန်လာတော့ သူ့ကို စာမေးတယ်။ တပ်စုမှာပါတဲ့ လက်နက်တွေရဲ့ စွမ်းပကားတွေ မသိတာ တွေ့တော့ စစ်တိုက်မဲ့သူဟာ ဒါတွေကို အလွတ်ရ နေရမယ် လို့ ပြောခဲ့တယ်။ အရာရှိဖြစ်လို့ တခါတွေ့တော့ မင်း ငါ့စာတွေဖတ်ရဲ့လား ဆိုတော့ ဖတ်ပါတယ်လို့ ဖြေတယ်။ ဒါဆိုရင် ကြက်မတကောင် ဥ မဥ ဘယ်လိုကြည့်မလဲဆိုတော့ မဖြေနိုင်ဘူး။ ဒါနဲ့ သူ့ကို ပြောလိုက်တယ် မင်း ငါ့လို ဖြစ်ချင်ရင် ငါ့စာတွေ ဖတ်ပါလို့” ရေးသားထားတာပါ။

Public Service Announcement

Public Service Announcement

စစ်သင်တန်းဆင်းပွဲတစ်ခုမှာဗိုလ်ချုပ်​ဟောင်းမျိုးသိန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-မျိုးသိန်း​ဖေစ်ဘွခ်

ဒါ့အပြင် “လမ်းအတိုင်းသွား လို့ ဗျူဟာမှူးအပါ ၄ ဦး ကျသွားတဲ့ အကြောင်း၊ လုံခြုံရေးချအပြီး လမ်းအတိုင်း သွားခိုင်းတဲ့ အခါ ကျဲကျဲ သွားလို့ ဆွဲမိုင်း မိပေမဲ့ လွတ်ခဲ့တဲ့ အကြောင်း၊ ဆွဲမိုင်းနဲ့စောင့်နေတယ် တောတိုးပါ လမ်းကြောင်း ပြောင်းပါ လို့ ပြောနေတဲ့ ကြားက မလိုက်နာလို့ ကျဆုံး

ဒါဏ်ရာရတွေ များပြီး မရွှေ့နိုင်တော့လို့ နောက်က တပ်ကူ လိုက်ပြီး ဆွဲထုတ်ရတဲ့ အကြောင်း၊ ဗျူဟာမှူးက တို့တပ်နဲ့ လိုက်တဲ့အခါ မိုင်းမထိအောင် ချီတက်ပုံကို သဘောကျလို့ ချီးကျူးတဲ့ အကြောင်း စသဖြင့် စုံနေအောင်ပါပဲ”သူက ဆိုပါတယ်။

လက်ရှိအခြေအနေက ရှည်ကြာနေဦးမှာ ဖြစ်တဲ့ အကြောင်းနဲ့ ဂရုစိုက်ကြဖို့ အပင်ပန်းခံကြဖို့နဲ ဗိုလ်ချုပ်ဟောင်းက ဆိုပါတယ်။

မိုင်းထိပြီးသေဆုံးသွားသူက စစ်ဗိုလ်မိုးဝင်းထွဋ် ဖြစ်ပြီး ၂၀၂၃ ခုနှစ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကနေ ကျောင်းဆင်းခဲ့တာလို့ စုံစမ်းသိရပါတယ်။

စစ်ဗိုလ်မိုးဝင်းထွဋ်​သေခဲ့တဲ့နေရာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်​ဟောင်းမိုးမြင့်က အရ (မတ)လို့ အတိုကောက်သာ​ရေးထားပါတယ်။

လတ်တလော ထိုင်း-မြန်မာနယ်စပ်က KNU/KNLA နဲ့ပူး​ပေါင်းတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ တနသ်ာရီတိုင်း(မောတောင်)မြို့ကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေပါတယ်။မောတောင်မြို့ကို နိုဝင်ဘာ ၁၄ ရက်က တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟောင်း မျိုးသိန်းက စစ်တက္ကသိုလ် ကျောင်းသားဟောင်းတွေ တည်ထောင်ထားတဲ့ ချယ်ရီရိပ် ဖောင်ဒေးရှင်းမှာ ဥက္ကဌ အဖြစ် ဆောင် ရွက်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗိုလ်နဲ့ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာကပျူ​စောထီးခေါင်းဆောင်ဒီကနေ့ညပြန်လွတ်လာတယ်လို့သတင်းရရှိပါတယ်။

သတင်း

မိုင်းဆွဲတိုက်ခိုက်တာကို ခင်ဦးမြို့က ပြောက်ကျားအဖွဲ့တစ်ဖွဲ့ကပြုလုပ်တာဖြစ်ပြီး စစ်သားတွေ ထိခိုက်၊သေဆုံးစာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။