Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့ဝင်ဂိတ်၊စစ်တပ်ယာဥ်တန်းနဲ့ကင်းပုန်းများကိုတစ်ရက်တည်း လေးကြိမ်တိုက်ခိုက်

တနင်္သာရီမြို့နယ်တွင်စစ်ကောင်စီတပ်ရဲ့မြို့ဝင်စစ်ဆေးရေးဂိတ်အပါ အဝင် ရိက္ခာပို့ယာဥ်တန်းနဲ့ ကင်းပုန်းတွေကို တစ်ရက်တည်း လေးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) တာဝန်ခံက ပြောပါတယ်။

တနင်္သာရီမြို့နယ် ပကဖမှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - တနင်္သာရီမြို့နယ် ပကဖ

သြဂုတ်-၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်တွင်စစ်ကောင်စီတပ်ရဲ့မြို့ဝင်စစ်ဆေးရေးဂိတ်အပါ အဝင် ရိက္ခာပို့ယာဥ်တန်းနဲ့ ကင်းပုန်းတွေကို တစ်ရက်တည်း လေးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုတွေကို သြဂုတ် ၄ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆုံးတိုက်ခိုက်မှုအနေနဲ့ မနက် ၉နာရီလောက်မှာ တနင်္သာရီမြို့အဝင် ဗောဓိကမ်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေပြီး လေးဦးထိခိုက်သွားတယ်လို့ သိရပါတယ်။

ဒုတိယမြောက်တိုက်ခိုက်မှုအနေနဲ့ အဲဒီနေ့(သြဂုတ် ၄ရက်)မနက် ၁၁နာရီ ၁၀မိနစ်မှာမြိတ်ကနေတနင်္သာရီမြို့ဖက်ကို လူနဲ့ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ရဲ့ ကားခုနစ်စီးပါယာဥ်တန်းကို ရမ်းဖိုရွာနဲ့ ကမ်းတိုကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ယာဥ်တန်းလာမယ့်လမ်းပိုင်းမှာ ကြိုတင်ကင်းပုန်းယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

သြဂုတ်၄ရက်ညနေ ၃ နာရီ ၅၀မိနစ်ဝန်းကျင်လောက်မှာ သိန်းခွန်ကျေးရွာဘက်ကို တပ်ကူနဲ့ ရိက္ခာပို့ပြီး ပြန်လာတဲ့ယာဥ်တန်းကို လယ်တောင်ရွာအနီး လမ်းကင်းယူပေးနေတဲ့ စစ်ကောင်စီတပ် သားတွေကိုလည်း ပကဖ ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့သလို ည ၈နာရီ ၄၉မိနစ်ခန့်မှာလည်း အဲဒီလမ်းကင်းအဖွဲ့ကို နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သမုံချုံနဲ့ လယ်တောင်ယာရွာဖက်မှာတော့ စက စ ရိက္ခာကားတွေ တနသာ်ရီဖက်တက်နေလို့တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တိုက် ခိုက်ခဲ့တာဗျ”လို့ သြဂုတ် ၄ ရက်က တိုက်ခိုက်မှုတွေကို တနင်္သာရီမြို့နယ် ပကဖတာဝန်ခံက ရှင်းပြပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းကနေ သြဂုတ် ၄ရက်ဝန်းကျင်အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ စစ်ကောင်စီတပ်ရဲ့လူနဲ့ရိက္ခာယာဥ်တန်းတွေဟာ မြို့ပေါ်ကို ရောက်ရှိသွားပြီလို့ အဲဒီတာဝန်ခံက ဆက်ပြောပါတယ်။

မြို့နယ်တွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လျှက်ရှိရာမှာ ဇူလိုင် ၂၈ရက်နေ့က သစ်ပင်ခြောက်ရွာကို ဝင်ရောက်စစ် ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် ညနေပိုင်းမှာလည်း အဲဒီရွာဘက် တပ်ကူလာတဲ့အဖွဲ့ကိုပါ ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖ အဖွဲ့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်တပ်ယာဉ်တန်းတွေ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့(ဇွန်လ ၁၂ရက်)မှာ သတိပေးထုတ်ပြန်ပါတယ်။