Connect with us

Hi, what are you looking for?

သတင်း

စက်စက်ယိုရွာတိုက်ပွဲ စစ်ကောင်စီအထိနာပြီးပြန်ဆုတ်

အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာကိုလေကြောင်းအကူအညီဖြင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ပိတ်ဆို့တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

သြဂုတ်-၉၊၂၀၂၅။မိထက်/People’s Spring

အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာကိုလေကြောင်းအကူအညီဖြင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ပိတ်ဆို့တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

စက်စက်ယိုကျေးရွာကို ဇူလိုင်လကုန်မှစ၍ စစ်ကောင်စီကစစ်ကြောင်းထိုးခြင်းဖြစ်သည်။ ဩဂုတ်လ လဆန်းတိုက်ပွဲ၌ စစ်ကောင်စီ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု လေးမျက်နှာ ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

“စစ်တပ်ကကွင်းကောက်၊ ဟင်္သာတဘက်ကနေ အင်အားတောက်လျှောက်ပို့တယ်။လေကြောင်းကနေတိုက်တာကလည်း ဖိုက်တာရော၊ ပါရာမော်တာရော၊ ဒရုန်းပါ ပါတယ်။ အခုကတော့ စစ်တပ်ပြန်ဆုတ်သွားလို့ ငြိမ်နေတယ်”ဟု၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦးထက်မနက်သေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။ ရုပ်လောင်းများကို ကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင် ‌စစ်ကောင်စီက လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားကြောင်း သိရသည်။

လက်ရှိတိုက်ပွဲများအတွင်းစစ်ကောင်စီဘက်မှ ထိခိုက်မှုကို အသေးစိတ်အတည်ပြုနေဆဲဖြစ်သည်။

ပြီးခဲ့သည်မတ်လကတိုက်ပွဲများတွင်လည်းသေဆုံးခဲ့သည့်စစ်ကောင်စီအရာရှိအပါအဝင်ရုပ်အလောင်းငါးလောင်းကိုအဆိုပါသုသာန်၌သင်္ဂြိုဟ်ခဲ့ဖူးသည်။

ရခိုင်ရိုးမနှင့်ဆက်စပ်နေသောလေးမျက်နှာမြို့နယ်မှစက်စက်ယိုကျေးရွာအပါအဝင် ရွာအချို့ကို AAနှင့် PDFက ပြီးခဲ့သည့် မေလတိုက်ပွဲများအတွင်း ထိန်းချုပ်ခဲ့သည်။ ယင်းနေရာများသည် ပုသိမ်-မုံရွာလမ်းဘေး၌ ရှိသည်။ တိုက်ပွဲနေရာများသည်ပုသိမ်-မုံရွာလမ်းနှင့်လည်း နီးသည်။ ပုသိမ်-မုံရွာလမ်းသည် ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းအထိဖောက်လုပ်ထားပြီးAAအပါအဝင်တော်လှန်ရေးတပ်များက လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်။

ဤတိုက်ပွဲကြောင့်ဒေသခံများ၏လုံခြုံရေးအန္တရာယ်များ စိုးရိမ်ရသည့်အတွက်အသွားအလာများ သတိထားကြရန် ရေကြည်ပကဖအပါအဝင် ကာကွယ်ရေးတပ်များက သတိပေးထားသည်။

တိုက်ပွဲများပြင်းထန်ခဲ့စဉ်က စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှ ပြင်းထန်သည့်ပေါက်ကွဲသံများကို ဟင်္သာတ၊ အင်္ဂပူ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ဓနုဖြူမြို့ပေါ်များမှပါ ကြားခဲ့ရကြောင်းမြို့ခံများကပြောသည်။ အဆိုပါမြို့များသည်တိုက်ပွဲဖြစ်ပွားနေသည့်နေရာများနှင့် ၁၀ မိုင်မှမိုင်၂၀ကြား ကွာဝေးသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း၌ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အုပ်စုရှိ သရက်ပင်ကြီးစုရွာ၌လည်း စစ်ရေးတင်းမာနေပြီးဩဂုတ်လ၆ရက်ညအထိ ပစ်ခတ်သံများကြားနေရသည်။ သြဂုတ်လ၇ရက်မှစ၍ တိုက်ပွဲငြိမ်သက်နေပြီး သီတာကုန်းပြင်အုပ်စုရှိ အမြောက်တပ်(အမတ-၃၄၄)ကို AAနှင့် ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်နေသလို စစ်ကောင်စီကလည်း လက်နက်ကြီးပြန်လည်ပစ်ခတ်နေသည်ဟု ရေကြည်မြို့ခံတစ်ဦးကပြောသည်။

ရေကြည်နှင့်လေးမျက်နှာမြို့သည် နယ်မြေချင်းဆက်စပ်နေပြီး တိုက်ပွဲဧရိယာနှင့် ပတ်ဝန်းကျင်မှကျေးရွာ ခုနစ်ရွာထက်မနည်း တိမ်းရှောင်နေကြရသည်။ရိုးမအခြေမှကျေးရွာများတွင် စစ်ကောင်စီက အရပ်သားအချို့အား PDFဟု စွပ်စွဲ၍ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရှိခဲ့သည်။

အမတ (၃၄၄)နှင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှလက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာများမှ အိမ်ခြေအဆောက်အအုံနှင့် အရပ်သားများအား စစ်ကောင်စီကလေယာဉ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းအမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီPDFက ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။