Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကျေးရွာတွေစီးနင်းမီးရှို့နေလို့ မုံရွာ-အရာတော်လမ်းယာယီပိတ်

စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထိုးကာ ကျေးရွာတွေကို စီးနင်းမီးရှို့နေတာမို့ မုံရွာ-အရာတော်လမ်းပိုင်းကိုယာယီပိတ်ထားတယ်လို့ တော်လှန် ရေးတပ်တွေဆီက နေသိပါတယ်။

စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မုံရွာသတင်းမှန်ပြန်ကြားရေး

ဩဂုတ်-၉၊၂၀၂၅၊မေ/People Spring

စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထိုးကာ ကျေးရွာတွေကို စီးနင်းမီးရှို့နေတာမို့ မုံရွာ-အရာတော်လမ်းပိုင်းကိုယာယီပိတ်ထားတယ်လို့ တော်လှန် ရေးတပ်တွေဆီက နေသိပါတယ်။

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်၈ ရက် ညနေပိုင်းမှာ ကျောက္ကာမြောက်ရွာကို ဝင်ပြီး မီးရှိူ့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

ကျေးရွာကို ဝင်ရောက်ချိန်မှာ သေနတ်ပစ် ဖောက် စီးနင်းခဲ့တာဖြစ်ပြီး ဈေးဆိုင်တဆိုင်က ပစ္စည်းတွေကို သယ်ယူကာ ဆိုင်ကိုမီးရှိူ့ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာသံပြားကာတစ်စီးနဲ့ ပွိုင့်ကား တစ်စီးပါပြီး ဆက်လက်စစ်ကြောင်းထိုးလာနိုင်တာမို့ မုံရွာ- အရာ တော်လမ်းပိုင်းကိုယာယီပိတ်ထားတယ်လို့ သိရပါတယ်။

“ဒီလမ်းပိုင်းတွေမှာစစ်တပ်ကင်းပုံးတွေလည်း ရှိတယ်။အချိန်မ ရွေးလည်းတိုက်ပွဲဖြစ်လာနိုက်တာမို့ ယာယီပိတါထားတာပါ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မုံရွာမြို့ ကျောက္ကာလမ်းကနေ အရာတော်လမ်းပိုင်းမှာ စစ်ကြောင်းရှိ နေသောကြောင့် ပြည်သူကုန်ကား၊အိမ်စီးကားများသွားလာခြင်း မပြုလုပ်ကန် ယနေ့(ဩဂုတ် ၉ရက်) နေ့လည်ပိုင်းကစတင် ကန့်သတ်လိုက်ခြင်းဖြစ် ကြောင်းသိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook