Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်နှင့်သီပေါမြို့ စစ်ကောင်စီ ဗုံးကြဲမှု ကလေးငယ်အပါအဝင် ၅ဦး သေဆုံး

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ဒေသများဖြစ်သော မန္တလေးတိုင်းမှ မိုးကုတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် ငါးဦးသေဆုံးခဲ့သည်။

သီပေါမြို့အား စစ်ကောင်စီက ပေါင် (၂၅၀)ဗုံးသုံးလုံးလာရောက်ကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဩဂုတ်-၉၊၂၀၂၅။အိမ်သွင်/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ဒေသများဖြစ်သော မန္တလေးတိုင်းမှ မိုးကုတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် ငါးဦးသေဆုံးခဲ့သည်။

ယနေ့ (ဩဂုတ်၉ရက်)ညနေ ၄နာရီခွဲခန့်တွင်သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်၊ဒုဌဝတီမြစ်ကမ်းဘေးရှိ ဆောက်လုပ်ရေးဝန်ထမ်းအဆောက် အအုံကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး မိုးကုတ်မြို့ကိုမူ ညနေ ၆နာရီ ၄၅မိနစ်ခန့်တွင် ဗုံးကြဲခြင်းဖြစ်သည်။

သီပေါမြို့အား ပေါင် (၂၅၀)ဗုံး သုံးလုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရကာ နေအိမ် (၇)လုံး ပျက်စီးခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့တွင်မူ မြို့အရှေ့ပိုင်းတစ်နေရာအားဗုံးကြဲခြင်းဖြစ်သည်။

မိုးကုတ်မြို့ဗုံးကြဲမှုအတွင်း အသက် ၈နှစ်နှင့် ၁၁နှစ်အရွယ် ကလေးနှစ်ဦး၊ (၇၁)နှစ်ရွယ် အမျိုးသားတစ်ဦး၊ ကိုရင်တစ်ပါး၊ (၃၂)အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“လွန်တယ်ဗျာ။ သေပြန်ပြီး အရပ်သားတွေ။ စကစလုပ်တာ လွန်တယ်”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့ကို သိမ်းယူထားသည်။

နောင်ချိုမြို့ကို စစ်ကောင်စီက ရက်ပေါင်းများစွာ ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် ၁၆ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ် ပထမပတ်ကာလအတွင်း ကွတ်ခိုင်၊ သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံမြို့တို့ကို ဗုံးကြဲခဲ့သည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၎င်းတို့ထိန်းချုပ်ဒေသမှပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။