Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး အမျိုးသား ၁၀ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ရဲဘော်တစ်ဦးရဲ့ နာရေးအိမ်ကို စစ်တပ်က ဗုံးကြဲချခဲ့တာမို့ အမျိုးသား ၁၀ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်အတွင်း တိုက်ခိုက်ရေးနဲ့ ဘက်စုံသုံး ဒရုန်းများကို ကြည့်ရှုနေစဥ်။ ဓာတ်ပုံ - CINCDS

ဩဂုတ်-၉၊၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ရဲဘော်တစ်ဦးရဲ့ နာရေးအိမ်ကို စစ်တပ်က ဗုံးကြဲချခဲ့တာမို့ အမျိုးသား ၁၀ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၈ရက် မနက် ၈နာရီ ၂၅မိနစ်မှာ လမ်းလယ်ကျစ်ရွာမှာ ရဲဘော်တစ်ဦးရဲ့နာရေးရက်လည်ပြုလုပ်နေချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ရက်လည်ဆိုတော့ လာကြတဲ့ ပြည်သူတွေပေါ့။ လူအုပ်ထဲကျတာ။ သေတာ အမျိုးသားတွေချည်းပဲ ၁၀ယောက်။ အထိခိုက်လည်း များတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဒရုန်းတိုက်ခိုက်မှုအပြီး မိနစ်အနည်းငယ်အကြာမှာလည်း လမ်းလယ်ကျစ် ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာမို့ နေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းလယ်ကျစ်ကျေးရွာဟာ တိုက်ပွဲတွေဖြစ်နေတဲ့ ၇မိုင် ကျေးရွာနဲ့ နှစ်မိုင်ခန့်သာဝေးပြီး စစ်တပ်က ဒရုန်းအပြင် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တို့နဲ့ပါ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့လည်း စဉ့်ကူးမြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှု အခြေအနေကို တော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။