Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ကချင်အာဇာနည်နေ့သို့ NUG သဝဏ်လွှာပို့

ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင် ရောက်ရှိရေး မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင်တော်လှန်ရေးတပ်ဖွဲများနှင့် ချစ်ကြည်ရင်းနှီးစွာအတူတကွ နီးနီးကပ်ကပ်လက်တွဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင် ရောက်ရှိရေး မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင်တော်လှန်ရေးတပ်ဖွဲများနှင့် ချစ်ကြည်ရင်းနှီးစွာအတူတကွ နီးနီးကပ်ကပ်လက်တွဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့သည်။

ယနေ့ (သြဂုတ်၁၀ရက်)သည် နှစ် (၅၀)ပြည့်မြောက် ကချင်အာဇာနည်နေ့ ဖြစ်သည်။ KIO/KIA စတင်တည်ထောင် ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ်ဗိုလ်ချုပ်လထော်ဇော်ဆိုင်း ပါဝင်သည့် ခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဩဂုတ် ၁၀ရက်ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ နှစ်စဉ် ကျင်းပနေခြင်းဖြစ်သည်။

ခေါင်းဆောင်ကြီးများကျဆုံးခဲ့ပြီး ကြီးမားသည့် ဆုံးရှုးမှုဖြစ်ခဲ့သော်လည်း ကချင်တော်လှန်ရေး တပ်ဦးဖြစ်သည့် KIO/KIA ကို စုစည်းညီညာစွာဖြင့် ဆယ်စုနှစ်များစွာတိုင်တိုင် ကချင်တော်လှန်ရေး ပန်းတိုင်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့သော ကချင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုနှင့် ခေါင်းဆောင်ကောင်းများ၏ အမြော်အမြင်ရှိမှုတိုကို လေးစားဖွယ် မြင်တွေ့ရဟု NUGက သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

ယခုလက်ရှိ နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူလူထု၏ ရည်မှန်းချက်ပန်းတိုင်များဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြတ်သည်ထိ တွန်းလှန် ရေး၊ အမျိုးသားတန်းတူညီမျှမှုရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရေးတိုအတွက် မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင်တော်လှန်ရေး တပ်ဖွဲများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်ပြီး ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိမည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်းလည်း ဖော်ပြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးပန်းတိုင်ကို ကြိုးပမ်းခဲ့စဉ်ကတည်းက ယခုလက်ရှိ နွေဦးတော်လှန် ရေးကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ဖြစ်အောင် ကြိုးပမ်းမှုအထိ အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ကချင်တိုင်းရင်းသားခေါင်းဆောင် အာဇာနည် များ၊ ကချင်တိုင်းရင်းသားပြည်သူလူထုနှင့်တကွ ကချင်တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံးကို လေးစားစွာ ဂုဏ်ပြုဦးညွှတ်ကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

ကချင်အမျိုးသားတိုင်းရင်းသား ခေါင်းဆောင် ကြီးများ၊ ကချင်အနွယ်ဝင်မျိုးနွယ်စုများ၊ ပြည်တွင်းပြည်ပတွင် ရောက်ရှိကြကုန်သော ကချင်တိုင်းရင်းသား ပြည်သူလူထုအပါအဝင် ကချင်ရဲဘော်ရဲဘက် မဟာမိတ်တပ်ဖွဲဝင်များ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို ပြည့်စုံ၍ တော်လှန်ရေးတာဝန်များကို ဘေးအန္တာရယ်ကင်း ရှင်းစွာထမ်းရွက်နိုင်ကြပါစေဟုလည်း NUGက ဆုတောင်းပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။