Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်အချင်းချင်းအကြား အတွင်းရေးကိစ္စများ ပါဝင်ပတ်သက်မှုမရှိဟု AA ပြော

ချင်းတော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားနေသည့် အတွင်းရေးကိစ္စများနှင့်ပတ်သက်၍ အာရက္ခ တပ်တော်(AA)အနေဖြင့် လုံး၀ ပါဝင်ပတ်သက်မှုမရှိကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပြီး လတ်တလော ထန်တလန်မြို့နယ်အတွင်းတိုက်ပွဲတွင်လည်း မရာကာကွယ်ရေးတပ်(MDF)ဘက်က ပါဝင်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ် ၊အိုက်ဇောလ်မြို့တွင် ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး ချင်းအမျိုးသားကောင်စီဖွဲ့စည်းရန်သဘောတူခဲ့ကြသည့်နှစ်ဖက် ကိုယ်စားများနှင့် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်တို့အား ၂၀၂၅ ဖေဖော်ဝါရီ ၂၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်ကောင်စီ

ဩဂုတ်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းတော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားနေသည့် အတွင်းရေးကိစ္စများနှင့်ပတ်သက်၍ အာရက္ခ တပ်တော်(AA)အနေဖြင့် လုံး၀ ပါဝင်ပတ်သက်မှုမရှိကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပြီး လတ်တလော ထန်တလန်မြို့နယ်အတွင်းတိုက်ပွဲတွင်လည်း မရာကာကွယ်ရေးတပ်(MDF)ဘက်က ပါဝင်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

ဩဂုတ်လအတွင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် တပ်များနှင့် ချင်းညီနောင်အဖွဲ့ဝင် မရာတပ် MDF အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိရာ ယင်းတိုက်ပွဲ၌ AAက MDFဘက်ကပါဝင်သည်ဆိုသောပြောဆိုချက်များနှင့်ပတ်သက်၍ ယနေ့ ဩဂုတ် ၁၁ရက်တွင် ကျင်းပသော AA၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦး၏ မေးမြန်းချက်အပေါ် ယခုကဲ့သို့ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“အဲဒီ စွပ်စွဲချက်တွေကို ဘာရည်ရွယ်ချက်နဲ့ ပြောနေလဲဆိုတာ ကိုတောင်မှ ကျနော်က ပြန်ပြီးမေးခွန်းထုတ်ချင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

အကယ်၍ AA အနေဖြင့် MDFဘက်က ပါဝင်တိုက်ခိုက်မည်ဆိုပါက စွပ်စွဲသည့်အဖွဲ့များ၏ ဌာနချုပ်ကို ဖိအားပေးနိုင်သည့် အခြေအနေကိုလည်း ဦးခိုင်သုခက ပြောသည်။

“ကျနော်တို့ ULA/AA ကအခု ချင်းတွေဖြစ်နေတဲ့ သူတို့ရဲ့ အတွင်းရေးကိစ္စတွေမှာ ကျနော်တို့ အနေနဲ့ လုံး၀ ပါဝင်ပတ်သက်မှုမရှိပါကြောင်း ပြောပြချင်ပါတယ်။နောက်တခုက ချင်းညီအကိုတွေကို ကျနော်တို့ ULA/AAက အကူအညီပေးနေတယ်ဆိုတာ အကြမ်းဖက် စစ်ကောင်စီကို ချင်းပြည်ထဲက မောင်းထုတ်ဖို့ ကျနော်တို့ စေတနာသန့်သန့်နဲ့ အကူအညီပေးနေတာဖြစ်ပါတယ်။ ချင်းတွေအတွင်းထဲမှာ ကျနော်တို့ အနေနဲ့ လုံး၀ပါဝင်ပတ်သက်မှုမရှိဆိုတာကို ကျနော်ဖြေကြားချင်ပါတယ်။”ဟု ဦးခိုင်သုခကပြောသည်။

AA ၏ မဟာမိတ်ဖြစ်သော ချင်းညီနောင် အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ် အချို့နှင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပါဝင်သည့်ချင်းပြည်ကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးတပ်များသည် ယခုနှစ် ဇူလိုင်လ နှင့် ဩဂုတ်လတို့တွင် ဖလမ်းမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့၌တိုက်ပွဲအချို့ရှိခဲ့သည်။

ချင်းအချင်းချင်းအကြား ပြဿနာများကို ဆွေးနွေးဖြေရှင်းရန်လိုအပ်ကြောင်း ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီနှစ်ဖက်လုံးက ပြောကြားထားသော်လည်း တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook