Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအသွင်ပြောင်းရုံဖြင့် ဘီလူးက မင်းသားဖြစ်လာမည်မဟုတ်ဟု AAပြော

အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ကောင်စီမှ စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းလိုက်ရုံဖြင့် စစ်ကောင်စီ၏ အမူအကျင့် ပြုမူလုပ်ဆောင်ချက်များ ပြောင်းလဲသွားမည်မဟုတ်ကြောင်းအာရက္ခတပ်တော်(AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(ဩဂုတ် ၁၁ရက်)တွင် ပြောကြားသည်။

ယနေ့ ဩဂုတ်၁၁ရက်တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၁၁၊၂၀၂၅။ နေ့သစ်/People’s Spring

အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ကောင်စီမှ စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းလိုက်ရုံဖြင့် စစ်ကောင်စီ၏ အမူအကျင့် ပြုမူလုပ်ဆောင်ချက်များ ပြောင်းလဲသွားမည်မဟုတ်ကြောင်းအာရက္ခတပ်တော်(AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(ဩဂုတ် ၁၁ရက်)တွင် ပြောကြားသည်။

ယနေ့ ကျင်းပခဲ့သည့် AA၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦး၏ မေးမြန်းမှုအပေါ် ဦးခိုင်သုခက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကဇူလိုင်လကုန်ပိုင်းမှစတင်ကာစစ်ကော်မရှင်အဖြစ်ပြောင်း လဲဖွဲ့စည်းပြီး AA သိမ်းပိုက်ထားသည့် မြို့နယ်နယ်များအပါအဝင် မြို့နယ် ၆၃မြို့နယ်ကို အရေးပေါ် အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး ဖောင်ဆောင်ခဲ့မှု အခြေအနေသည် စစ်တပ်လုပ်နေကျ ပုံစံသာဖြစ် ကြောင်း ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကြေညာချက်မတိုင်ခင်ကပင် စစ်ကောင်စီက ပြည်သူများကို အချိန်မရွေး ဗုံးကြဲသတ်ဖြတ် မတရားအနိုင်ကျင့်မှု တောက်လျှောက်လုပ်နေကြောင်း ၎င်းက ပြောသည်။

၀ိုင်းပုလင်းထဲက၀ိုင်ကို ၀ိုင်ပုလင်းအသစ်ထဲ ပြောင်းထည့်ရုံဖြင့် အဆိုပါ ၀ိုင်သည် အရသာပြောင်းလဲသွားမည်မဟုတ်သကဲ့သို့ ယခင်ကလည်း စစ်ကောင်စီ ယခုလည်း စစ်ကောင်စီသာဖြစ်ဟု ဦးခိုင်သုခက ပြောသည်။

“ သူတို့က အဝတ်လဲပြီး ဝတ်လိုက်ရုံနဲ့ မင်းသားခေါင်းစွပ်လိုက်လို့ ဘီလူးကနေ မင်းသား ဖြစ်လာဖို့ မရှိဘူး” ဟု ဦးခိုင်သုခက ပြောသည်။

ထို့ပြင် ULA/AA စတင်ထူထောင်ကတည်းက ရက္ခိုင်ပြည်တခုလုံးသိမ်း ပိုက်ပြီး ရက္ခိုင်ပြည်သူ့လက်ထဲပြန်ထည့်ပေးရန် ဆိုသည့် အချက်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယနေ့ အချိန် ရက္ခိုင်ပြည်၏ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟုလည်း အသိပေးသည်။

AA ချမှတ်ထားသည့် ပန်းတိုင်ကို ချမှတ်ထားသည့် ရက္ခိတလမ်းစဉ်အတိုင်း ဂိတ်ဆုံးရောက်သည်အထိ ဆက်လက်ချီတက်မည်ဟုလည်း ဦးခိုင်သုခက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။