Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် မုံရွာ – အရာတော်လမ်းပိုင်းစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊မုံရွာ-အရာတော်လမ်းပိုင်းတွင်စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး အထိနာ၍ အင်အား၂၀၀ခန့် ထပ်ဖြည့်ကာ ထပ်မံ စစ်ကြောင်းလာကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - မုံရွာ - အရာတော်လမ်းပိုင်းတည်နေရာပြမြေပုံ

ဩဂုတ်-၁၁၊၂၀၂၅၊တာရာ/People Spring

စစ်ကိုင်းတိုင်း၊မုံရွာ-အရာတော်လမ်းပိုင်းတွင်စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး အထိနာ၍ အင်အား၂၀၀ခန့် ထပ်ဖြည့်ကာ ထပ်မံ စစ်ကြောင်းလာကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ယနေ့(သြဂုတ် ၁၁ရက်)ကစ၍ မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းနှင့် ကျောက္ကာ- ဗော်ဓိတထောင် လမ်းပိုင်းတို့ကို တိုက်ပွဲနယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း အသိပေးသည်။

ဩဂုတ် ၈ရက်က မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းကို စစ်ကောင်စီတပ်က ကနဦးစစ်ကြောင်းထိုးလာစဥ် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်းခံရကာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ထပ်တိုးတင် ခန့်မှန်း ၂၀၀လောက်ရှိမယ်။အရင်နေ့က ပြန်သယ်သွားတဲ့ အမြောက်နဲ့ ပွိုင့်ဖိုက်ပါတဲ့ သံချပ်ကာ၂စီးပြန်ပါလာတယ်။အခု လက်ရှိအားလုံး ၃၀၀ ဝန်းကျင်ရှိမယ် ခန့်မှန်းတယ်”ဟု အထက်ပါ တာဝန်ရှိသူက စစ်ကောင်စီစစ်ကြောင်း အခြေအနေအပေါ် ရှင်းပြသည်။

စစ်ကောင်စီတပ်သည် မုံရွာ-အရာတော်လမ်းပိုင်း တလျှောက်လုံးကို အင်အား ဖြန့်ကျက်ထားပြီး မုံရွာနှင့် အရာတော်မြို့နယ်အစပ် စည်သာလေးရွာအနီး တပ်စွဲထားကြောင်းသိရသည်။

ထို့အပြင် အရာတော်မြို့နယ်အခြေစိုက် အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၁၀)မှ စစ်ကြောင်းကလည်း မုံရွာ-အရာတော်လမ်းပိုင်းဘက်သို့ ဦးတည်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

“အရာတော်နယ် ခမြင့် ရွာနားအထိ ဆင်းလာနေပြီ”ဟု ၎င်းက ပြောသည်။

မုံရွာ-အရာတော်လမ်းပိုင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားပြီး ပြည်သူပိုင် ပစ္စည်းများ သယ်ယူနေသည်ဟု ဆိုသည်။ ထို့အပြင် စျေးဆိုင်အချို့ မီးရှို့ခံထားရအပြင် ဖမ်းဆီးခံရသူပြည်သူများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းကြောင့် မုံရွာ- ကျောက္ကာ- အရာတော်လမ်းပိုင်းအား ပြည်သူများ လုံးဝ အသုံးမပြုရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၈ ရက်က ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။