Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ရှိ ကင်းစခန်းတွေတိုက်ခိုက်ခံရပြီးနောက် ချောင်းဆုံဂိတ်က စစ်သားတွေထွက်ပြေး

မကွေးတိုင်း၊မြိုင်မြို့ပေါ်က စစ်ကောင်စီတပ် ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်မှာ ချောင်းဆုံစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးသွားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နဲ့ မြိုင်ပကဖ တာဝန်ရှိသူတွေက ပြောပါတယ်။

ချောင်းဆုံစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

သြဂုတ်-၁၂ ၊ ၂၀၂၅။တာရာ /People’s Spring

မကွေးတိုင်း၊မြိုင်မြို့ပေါ်က စစ်ကောင်စီတပ် ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်မှာ ချောင်းဆုံစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးသွားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နဲ့ မြိုင်ပကဖ တာဝန်ရှိသူတွေက ပြောပါတယ်။

မကွေးတိုင်း မြိုင်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်သွားတဲ့ လမ်းပိုင်းပေါ်က ချောင်းဆုံစစ်ဆေးရေးဂိတ်ဟာ အင်အား ၂၀ထက်မနည်း စစ်တပ်က အထိုင်ချတပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

“ဒီဂိတ်က တော်တော်ခိုင်မာတယ်။ဘန်ကာကောင်း ကောင်းရှိသလို ကတုတ်ကျင်းတွေလည်း သေချာလုပ်ထားတာ”လို့ စစ်ကောင်စီတပ်သားတွေ စွန့်ခွာခဲ့တဲ့ ချောင်းဆုံဂိတ်နဲ့ပတ်သက်လို့ မြိုင် ပကဖ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းဆုံဂိတ်ကို တော်လှန်ရေးတပ်တွေက ရှင်းလင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။

“အခုက ချောင်းဆုံဂိတ်ကို လက်လွှတ်ရပြီ။ပခုက္ကူဂိတ်ကို၊ ကိုင်းတောမဂိတ်ကိုလည်း လက်လွှတ်ရပြီပြီး။အခု ကျန်တာ မန္တလေးကို ထွက်တဲ့လမ်းပေါ်က မန္တလေးဂိတ်ပဲကျန်တယ်”လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်က မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီး မြို့တွင်းရှိ စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေး တွေမှာ တပ်စွဲထားတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ တစ်မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်နေပြီလို့လည်း သိရပါတယ်။

ဩဂုတ် ၁၀ ရက်မှာ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ် ကင်းစခန်းနဲ့ ဩဂုတ်၉ရက်က မြိုင်မြို့အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်စွဲရာ စီမံကိန်းရုံးတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စခန်းသိမ်းပိုက်မှုတွေအတွင်းမှာ စစ်သုံ့ပန်း ၁၅ဦး ဖမ်းမိခဲ့ပြီး လက်နက် ၁၆ လက်ရရှိခဲ့ကြောင်း မြိုင်ပကဖနဲ့ ဒေသခံအင်အားစုတွေ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။