Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝမြို့နယ်အား ရက္ခိုင်ပြည်နယ်၏ ခရိုင်အဖြစ်ဖွဲ့စည်းကြောင်း AAပြောဆိုချက် ချင်းအရပ်ဘက် အဖွဲ့များ ကန့်ကွက်

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်ချင်းပြည်နယ်၊ပလက်၀ မြို့ နယ်ကိုရက္ခိုင်ပြည်၏ခရိုင်အဖြစ်ဖွဲ့စည်းထားကြောင်း AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ရက် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဩဂုတ်−၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်ချင်းပြည်နယ်၊ပလက်၀ မြို့ နယ်ကိုရက္ခိုင်ပြည်၏ခရိုင်အဖြစ်ဖွဲ့စည်းထားကြောင်း AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ရက် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း(GKYA) တို့၏ ဩဂုတ် ၁၂ရက်နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိဟု ငြင်းဆိုခြင်း တို့ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြသည်။

ပလက်၀မြို့နယ်ကိုရက္ခိုင်ပြည်နယ်၏ ခရိုင်တခုအဖြစ်ထည့်သွင်းကြောင်း သတင်းကို ရက္ခိုင်အခြေစိုက် Narinjara သတင်းဌာနက ဇူလိုင် ၁၁ရက်တွင် သတင်းဖော်ပြခဲ့ရာ ဩဂုတ် ၁၁ရက် သတင်းစာ ရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပလက်၀မြို့နယ်သည် AA သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်၍ မှန်မှန်ကန်ကန် ခရိုင်အဖြစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟု ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ ချင်းအဖွဲ့များဖြစ်သော GKOနှင့် GKYA တို့က ပူးတွဲသဘောထား ထုတ်ပြန်ခဲ့ရာ

“ပလက်ဝပြည်သူလူထုများသည်အာရက္ခပြည်သူ့အစိုးရ၏ပလက်ဝနှင့်ပတ်သက်သော နိုင်ငံရေးရပ်တည်ချက်နှင့် အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ဆောင်ရွက်မှုများကို မည်သည့် အခါမျှလက်ခံခြင်းမရှိပေ” ဟု ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော နွေဦးတော်လှန်ရေး၏ အရှိန်အဝါကိုအကြောင်းပြု၍ ဒေသခံဌာနေချင်းတိုင်းရင်းသားပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်း သည် ဒေသခံပြည်လူထု၏ နိုင်ငံရေးဖြစ်တည်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ပြည်ထောင်စုမြစ်ဖျားခံရာ ပင်လုံကတိကဝတ်စာချုပ်ပါအချက်များ၊ ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သော မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒများအရ တည်ရှိခဲ့သည့် ချင်းပြည်နယ် နယ်နိမိတ်နှင့် ချင်းပြည်သူတရပ်လုံး၏ သဘောဆန္ဒကိုလည်း ချိုးဖျက်ခြင်းဖြစ်ပြီး အင်အားဗဟိုပြုသော ကိုလိုနီစနစ်တစ်ခုသာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့်လည်း ဆန်ကျင်နေကြောင်း ဖော်ပြသည်။

Chin Civic Movement-CCM ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ အုပ်ချုပ်ရေးဖော်ဆောင်မှုနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်ကို ဩဂုတ် ၁၂ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေသခံချင်းပြည်သူများ၏ဆန္ဒမပါသည့် ULA/AA ၏ လုပ်ဆောင်ချက်သည် ချင်းပြည်သူများအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်သဖြင့် များစွာ စိတ်ပျက်မိဟု ဖော်ပြသည်။

ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးအား ကိုယ်စားပြုမဟုတ်သော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို CCM အနေဖြင့် လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် လက်ရှိချင်းပြည်နယ် ပလက်ဝမြို့နယ်အရေးကိစ္စ အပါအဝင် ချင်းပြည်နယ်၏ Nation Building နှင့် State Building ဆိုင်ရာများတွင်ကြုံတွေ့ရမည့် စိန်ခေါ်ချက်များကျော်လွှားနိုင်ရေးအတွက် ချင်း တော်လှန်ရေးအစုအဖွဲ့ အချင်းချင်းများကြား ညီညွတ်မှုဖြင့် လက်တွဲပူးပေါင်းနိုင်ခြင်းကသာ ရေရှည်တည်တံ့သော အဖြေတစ်ခုဟု ရှုမြင်ကြောင်း ဖော်ပြသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အရေးနှင့် ပတ်သက်၍ ပြည်သူ့တော်လှန်ရေးအလွန်တွင် သက်ဆိုင်သူများအားလုံးအကြား ဖက်ဒက်ရယ် ဒီမိုကရေစီနည်းကျ ပြန်လည်ဆွေးနွေးနိုင်မည်ဟု အတိအလင်းယုံကြည် မျှော်လင့်ပါကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။