Connect with us

Hi, what are you looking for?

သတင်း

မြိုင်နှင့်ပေါက်မြို့နယ်စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်မှ အင်အား ရာဂဏန်းကျော် အလင်းဝင်ရောက်နေဟု မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ရာဂဏန်းကျော် အလင်းဝင်ရောက်နေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဩဂုတ် ၁၆ရက်) ထုတ်ပြန်သည်။

မြိုင်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်းများ။ ဓာတ်ပုံ − မြိုင် ပကဖ

သြဂုတ်-၁၆၊၂၀၂၅။ရဲခေါင် /People’s Spring

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ရာဂဏန်းကျော် အလင်းဝင်ရောက်နေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဩဂုတ် ၁၆ရက်) ထုတ်ပြန်သည်။

အလင်းဝင်လာသည့် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်သားများအား ၎င်းတို့နေရပ်များသို့ ပို့ဆောင်ပေးကာ ခရိုင်မှူးနှင့် ဗိုလ်မှူးဟု ပြောဆိုသူများကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

မြိုင်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်းများ။ ဓာတ်ပုံ − မြိုင် ပကဖ

ထို့အပြင် အလင်းဝင်လာသူများအနက် စစ်ကောင်စီအား ပြန်တိုက်မည်ဆိုသူများကို အနီးကပ်လေ့ကျင့် သင်ကြားလျက်ရှိပြီး ဗျူဟာ တပ်ရင်း၊တပ်ဖွဲ့ စုစည်းကာ ၎င်းတို့၏ မူလပကတိ စိတ်ထားအား ပြုပြင်ပေးခြင်း၊တည့်မတ်ခြင်းနှင့် လူထုဗဟိုပြုသော စိတ်ထား မွေးမြူဆောင်ရွက်ရန် စည်းရုံးသိမ်းသွင်းခြင်းလုပ်ဆောင်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသည့် စစ်ကောင်စီတပ်အခြေအနေနှင့်ပတ်သက်၍ မြိုင်ပကဖ တာဝန်ရှိသူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းမှာ အင်အားအရများသော်လည်း အချိန်တခုတွင် ကာကွယ်ရေးအဖွဲ့အစည်း အသီးသီးမှ မျက်ဝါးထင်ထင်ချပြရှင်းလင်း ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လတ်တလောတွင် လုံခြုံရေးအရ ပြသရှင်းလင်းနိုင်ခြင်းမရှိသေးသော် လည်းမြေပြင်ရဲဘော်များနှင့်ပြည်သူလူထုအနေဖြင့် စစ်၏သဘော တရားများအား နားလည်ခွင့်လွှတ်ပေးရန် မြိုင်ပကဖက တောင်းဆိုသည်။

“တိုက်ပွဲက နေတိုင်းဖြစ်နေတယ်”ဟုမြေပြင်ရဲဘော်တစ်ဦးကပေါက်မြို့ နယ်သို့ ဝင်ရောက်နေသည့် တပ်မ(၁၀၁)စစ်ကြောင်းအခြေအနေနှင့်ပတ်သက်၍ ပြောသည်။

ပေါက်မြို့နယ်အခြေစိုက်အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ဦးတည်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၃၁ရက်ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)မှ ထွက်ခွာလာခြင်း ဖြစ်သည်။

အဆိုပါစစ်ကြောင်းတွင် အင်အား ၁၀၀၀ခန့်နှင့် စစ်သုံးမော်တော်ယာဥ်များအပါအဝင် ယာဥ်အစီးရေ ၁၂၀ခန့် ပါဝင်ကြောင်း သိရသည်။

လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းသည် ပေါက်မြို့နယ် ရေပြာရွာအနီးတစ်ဝိုက်နှင့် ယာဉ်တန်းသည် သာကြီးတောင်၊ တပ်မတောင်နှင့်ပေါက်မြို့နယ်အရှေ့ဘက်တလျှောက်တွင် ရှိနေသည်။

စစ်ကောင်စီတပ် စစ်ကြောင်းတွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅) တပ်ရင်းများ၊ ပြည်သူ့စစ်သင်တန်းအပတ်စဉ် (၅၊၆၊၇၊၈၊၉)မှ သင်တန်းဆင်းတပ်သားသစ်များလည်းပါဝင်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။