Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် တစိုးရွာစစ်ကြောင်းထိုးခံရပြီးပြည်သူငါးဦးအသတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက တစိုးကျေးရွာကို သြဂုတ်လ ၁၅ ရက်ကစစ်ကြောင်းထိုးချိန်မှာ ပြည်သူ ငါး ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ကြောင်းထိုးနေတဲ့ သီတာယုမွန် ပျုစောထီးအဖွဲ့ ( ပုံဟောင်း)

သြဂုတ် – ၁၉ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက တစိုးကျေးရွာကို သြဂုတ်လ ၁၅ ရက်ကစစ်ကြောင်းထိုးချိန်မှာ ပြည်သူ ငါး ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရပါတယ်။

မြင်းခြံမြို့နယ်၊ ကံဆင့်ကျေးရွာမှာရှိရောက်ရှိတဲ့ စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ် ၊တစိုးရွာကို စစ်ကြောင်းထိုးတာဖြစ်ပြီး ရွာပြင်မှာ တဲထိုးနေတဲ့ အမျိုးသား နှစ်ဦးနဲ့အမျိုးသမီး သုံးဦး ကိုသတ်ဖြတ်သွားတာပါ။

“ ငါးယောက်လုံးကိုသတ်ပြီး ဗုံးခိုကျင်းထဲမှာထားသွားတာ၊ သူတို့ကလည်း စစ်ကြောင်းမထိုးခင် လေကြောင်းကနေ အရင်ပစ်တာ” လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းမှာ သီတာယုမွန်ပျုစောထီးအဖွဲ့လည်း လိုက်ပါလာတာလို့ အဲဒီတပ်ဖွဲ့ဝင်က အသိပေးပါတယ်။

သတ်ဖြတ်ခံရသူတွေဟာသက်ကြီးပိုင်းအရွယ်တွေဖြစ်တဲ့၇၆ နှစ် ၊ ၆၃ နှစ် နဲ့ ၆၀ အရွယ်တွေ ပါဝင်ပြီး ကျန်တဲ့ နှစ်ဦးကတော့ အသက်ငါးဆယ်အရွယ်ဝန်းကျင်တွေလို့သိရပါတယ်။

မြေပြင်ကစစ်ကြောင်းထိုးတာအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစိုးကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါအပြင် အဲဒီရွာမှာ စစ်ကောင်စီတပ်က တပ်စွဲလိုက်တယ်လို့သိရပါတယ်။

အခုလဆန်းပိုင်းကစတင်ပြီး မြင်းခြံမြို့ရဲ့အရှေ့ခြမ်းကကျေးရွာတွေဆီ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၁၅ရွာခန့်က ပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook