Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီနယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် ထိုင်းအတွက်ဘတ်ငွေဘီလီယံ၁၃၀​လောက်ဆုံးရှုံးနိုင်

ထိုင်းကုန်စည်တွေ တင်သွင်းခွင့်ကို မြန်မာဖက်က ရုတ်တရက် ပိတ်ချလိုက်ခြင်းကြောင့် ထိုင်းအတွက် ဘတ်ငွေ ဘီလီယံနဲ့ချီ ထိခိုက် နစ်နာစေကြောင်း သိရပါတယ်။

မြန်မာ-ထိုင်းမြဝတီရဲ့ချစ်ကြည်ရေးတံတားအမှတ်(၂) ထိုင်းနိုင်ငံဘက်ခြမ်းမှာကုန်တင်ယာဥ်များကို​တွေ့ရစဥ်။

■နယ်စပ်ဂိတ်ရုတ်တရက်ပိတ်မှုကို စစ်​ကောင်စီကထိုင်းကိုအ​ကြောင်းမကြားခဲ့

သြဂုတ်-၁၉၊၂၀၂၅။People’s Spring

ထိုင်းကုန်စည်တွေ တင်သွင်းခွင့်ကို မြန်မာဖက်က ရုတ်တရက် ပိတ်ချလိုက်ခြင်းကြောင့် ထိုင်းအတွက် ဘတ်ငွေ ဘီလီယံနဲ့ချီ ထိခိုက် နစ်နာစေကြောင်း သိရပါတယ်။

နေပြည်တော်က တိုက်ရိုက် ညွှန်ကြားချက်အရ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ-မဲဆောက်ဂိတ်ကနေ ထိုင်းကုန်စည်တွေ ဝင်ရောက်မှုကိုအာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ နယ်စပ် ကုန်သွယ်ရေးတာဝန်ရှိသူတွေက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၈ ရက်နေ့မှာတော့ ကုန်ကားကြီးတွေပေါ် ထိုင်းကုန်စည်တွေ တင်ဆောင်ဖြတ်သန်းတာကို မြဝတီရဲ့ချစ်ကြည်ရေးတံတားအမှတ်(၂) မှာ လုံးဝ ပိတ်လိုက်ပြီး အသေးစိတ် အချက်အလက်တွေကိုလည်းမဲဆောက်မှာရှိတဲ့ထိုင်းအကောက်ခွန် အရာရှိတွေဆီ အကြောင်းကြား အသိပေးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလို အပြောင်းအလဲမျိုးကြောင့် ထိုင်းရဲ့ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍမှာ ဘတ်ငွေ ၁၃၀ ဘီလီယံလောက်ထိ ဆုံးရှုံးနစ်နာမှုတွေကြုံလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အခုလို ထိုင်းကုန်စည်တွေ ဝင်ရောက်ခွင့်ကို ပိတ်ထားလိုက်တာဟာနယ်စပ်ကုန်သွယ်ရေးရဲ့ အကျိုးအမြတ်တွေကိုနေပြည်တော်မှာရှိနေတဲ့စစ်ကောင်စီဆီ တိုက်ရိုက် စီးဝင်စေဖို့ အားထုတ်မှု တစ်ခုလို့ ယုံကြည်ရပါတယ်။ ပုံမှန်အားဖြင့်တော့ မြဝတီ နယ်စပ်ကုန်သွယ်ရေးရဲ့ အကျိုးအမြတ် အများအပြားကို စစ်ကောင်စီမဟာမိတ်ကရင်နယ်ခြားစောင့်တပ် (BGF)အပါအဝင်တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ တချို့က ခွဲဝေ ရယူထားကြပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့စစ်ကောင်စီဟာ ဘဏ္ဍာရေး တောင့်တင်းမှုကို ချဲ့ထွင်ဖို့ အားထုတ်လာနေပြီး အဲဒီ ရည်မှန်းချက် အစိတ်အပိုင်း တစ်ခုအဖြစ် မြဝတီ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍကို တင်းကြပ်လာတာလို့ ယုံကြည်ရပါတယ်။

ချစ်ကြည်ရေးတံတားအမှတ်(၂ )ကို စစ်ကောင်စီက ပိတ်ထားလိုက်ပေမယ့် ချစ်ကြည်ရေးတံတား အမှတ် ၁ မှာတော့ နယ်စပ်ဖြတ်ကျော် သွားလာမှုတွေနဲ့ နယ်စပ်အနီးတဝိုက်အသေးစားကုန်သွယ်မှုတွေ ဆက်ပြီး ရှိနေဆဲပါ။ အမှတ် (၂ )တံတားဟာ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်မှုတွေကို အလုံးအရင်း ဖြတ်သန်းလေ့ရှိတဲ့နယ်စပ်ဂိတ်ဖြစ်ပြီး စစ်ကောင်စီက အခုလို ပိတ်ထားခြင်းကနယ်စပ် ကုန်သွယ်ရေး ကဏ္ဍမှာ အကြီးအကျယ် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ထိုင်းဖက်မှာတော့ မဲဆောက်မြို့ရှိရာ တက်ခ်ခရိုင် စီးပွားရေး အစုအဖွဲ့ဟာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေမှု နောက်ဆက်တွဲ အကျိုးဆက်တွေကို ဆန်းစစ်ဖို့ ဩဂုတ် ၁၈ ရက်နေ့မှာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ထိုင်းကုန်စည်တွေကို တရားမဝင် လမ်းကြောင်းတွေကနေ တင်သွင်းမှုကိုလည်း ဖမ်းဆီး ဖြိုခွင်းမှုတွေ အရှိန်မြှင့်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက တင်းတင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေး ကဏ္ဍကိုလည်း ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ကြောင်းထိုင်းဖက်က ထောက်ပြ သတိပေးထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲက အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရဲ့ လှည့်စား ခေါ်ယူခြင်းကို ခံခဲ့ရသူတွေထဲက ၅၃၀၀ ကျော်လောက် နေရပ်မပြန်နိုင်ဘဲ တစ်နှစ်ကျော်လောက် သောင်တင်နေဆဲလို့ သိရပါတယ်။