Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ဗုံးထပ်ကြဲ

ဖားကန့်မြို့နယ်၊အမှိုက်ပုံ‌ကျေးရွာကိုယနေ့ ဩဂုတ် ၁၉ရက် ညနေတွင် စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးကချင် လွတ်လပ် ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။

ကချင် လွတ်လပ်ရေးတပ်မတော်(KIA)မှရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်၊အမှိုက်ပုံ‌ကျေးရွာကိုယနေ့ ဩဂုတ် ၁၉ရက် ညနေတွင် စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးကချင် လွတ်လပ် ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။

ယနေ့ ညနေ ၃နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး ယင်းနေရာ၌ စစ်ကောင်စီတပ်စစ်ကြောင်းရှိနေသလို တိုက်ပွဲပြင်းထန် နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အမှိုက်ပုံ‌ရွာရဲ့ သုသာန်နားမှာချနေတာ။ စစ်ကောင်စီစစ်ကြောင်းကလည်း အဲဒီနားမှာရှိနေတယ်။ နောက်ပြီး လက်နက်ကြီးတွေအပြန်အလှန်ပစ် နေကြတယ်”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းတွင် ဖားကန့်မြို့နယ်အတွင်း အမှိုက်ပုံ‌ကျေးရွာ၊ ရှရော်ခကျေးရွာ၊ မှော်မောင်းကုန်းကျေးရွာ၊ မှော်မောင်းလယန်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသလို လက်နက်ကြီးများဖြင့်လည်းပစ်ခတ်နေသည်။

သြဂုတ် ၁၅ရက်ကလည်း ရှရော်ခ၊ မှော်မောင်းလယာန်နှင့်မှော်မောင်းကုန်းရွာဘက်ကို လေကြောင်း ဗုံးကြဲပြီး စက်‌သေနတ်ဖြင့်ပါ ပစ်ခတ်သွားသည်။

မြေပြင်တွင်ဖြစ်ပွားနေသောတိုက်ပွဲများ၌ စစ်ကောင်စီဘက်တွင် သေဆုံးမှုများပြားနေ၍ လေကြောင်းမှလာရောက်တိုက်ခိုက်နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက်၈၅နှစ်အရွယ်ဖွားအိုတဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့သည်။

ရှရော်ခကျေးရွာကိုလည်း ဩဂုတ်လ ၁၄ရက်နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ၍ ၈တန်းကျောင်းသားတစ်ဦးအပါအဝင် အရပ်သားငါးဦးဒဏ်ရာရခဲ့သည်။

ဖားကန့်တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီကလေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊KPDFတပ်ဖွဲ့ဝင်များကသတိပေးထားသည်။ ယနေ့ ညနေပိုင်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေနေကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။