Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဆို

တိုက်ပွဲများဆက်ဖြစ်​နေ​ကြောင်းKA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်​ပြော

ဒီး​မော့ဆိုမြို့ မြို့နယ်ခန်းမ ဆိုင်းဘုတ်​ရှေ့မှ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-စစ်​ကောင်စီ

သြဂုတ်-၂၀၊ ၂၀၂၅။တာရာ /People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်း ချုပ်နိုင်ပြီလို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

သြဂုတ် ၄ ရက်စပြီး ဒီးမော့ဆိုမြို့ရဲ့မြောက်ဘက်ခြမ်းရွှေယောက်ရပ်ကွက်နဲ့ အရှေ့တောင်ဘက်ခြမ်းက ပါဒေါဒူ ကျေးရွာဘက်ကနေ ထိုးဖောက်ခဲ့တယ်လို့ သြဂုတ် ၂၀ ရက်​နေ့ထုတ်စစ်​ကောင်စီရဲ့သတင်းစာ​တွေမှာ​ဖော်ပြထားပါတယ်။

အဲဒီနောက်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊မီးသတ်၊ထွေအုပ်ရုံးနဲ့မြို့နယ်ခန်းမတွေ အပါအဝင် မြို့တစ်ခုလုံးကို သြဂုတ် ၁၉ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

၁၆ ရက်တာအတွင်း တိုက်ပွဲ ၂၃ ကြိမ်ဖြစ်ပွားပြီး အလောင်းခြောက်လောင်းနဲ့ လက်နက် ငါးလက်သိမ်းရခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့သာပါရှိပြီး စာရင်းအ တိအကျ ဖော်ပြမထားပါဘူး။

“စစ်တပ်ဝါဒဖြန့်တာကတော့ဗိုလ်ချုပ်နေဝင်းခေတ်ကတည်းကလေ။တိုက်ပွဲကတော့ဆက်ဖြစ်တာတော့ရှိနေတယ်။အကုန်ပြောလို့မဖြစ်သေးဘူး”လို့ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကောင်စီက အင်အား ၃၀၀ ကျော်​နဲ့ လေယာဥ်၊လက်နက်ကြီး၊ဒရုန်း ၊တင့်ကား တွေနဲ့ ထိုးစစ်ဆင်ခဲ့တာလို့ ဒီးမော့ဆိုမြို့နယ်က ကာကွယ်ရေးရဲဘော်တစ်ဦးကအသိပေးပါတယ်။

“မူးယစ်ဆေးတွေသုံးထားသလိုပဲအသေခံပြီးတက်လာတဲ့သူတွေမှအများကြီး။ကိုယ့်ဘက်ကလည်း အကျရှိပါတယ်။ဒါပေမယ့် သူတို့က တကယ့် လူလှိုင်းလုံးလို သုံးထားတာ။လောလောဆယ်အခြေ အနေအရ မြို့ပေါ်ကိုတော့ လက်လွှတ်ထားရ တာမှန်ပါတယ်”လို့ သူကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ဟာ ကရင်နီပြည်ရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်ပြီး လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးနဲ့ ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းမကြီး နှစ်ခုနဲ့ရှမ်းတောင်ဘက်ကိုချိတ်ဆက်ထားပါတယ်။

ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းဟာလွိုင်ကော်မြို့အတွက် ကာကင်းပုံစံရှိပြီးနှစ်ကုန်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် လုံခြုံစိတ်ချမယ့်အနေ အထားဖြစ်အောင် စစ်ကောင်စီကပြန်ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်လိုတဲ့ သဘောလည်းသက်ရောက်တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တဦးကသုံးသပ်ပါတယ်။

“ဒီးမော့ဆိုကိုပေးလိုက်ရရင်ဖရူဆိုလည်းမသေချာတော့သလို၊ နန်းမယ်ခုံမြို့ဆိုတာကလည်း ရန်သူက ပစောက်ပုံသဏ္ဍာန်ဝိုင်းထားပြီးသားဖြစ်နေတယ်။ဖရူဆိုမှာ ရှိတဲ့တပ်တွေမှာလည်း လေထီးနဲ့ခဲယမ်းရိက္ခါတွေ ချပေးထားပြီဖြစ်တဲ့အတွက် ဒီးမော့ဆိုကို အနောက်ဖက်က​​နေဖင်နိုက်ပြီးပြန်သိမ်းဖို့ ဟန်ရေးပြင်နေပုံရ။ သူတို့သုံးနေကျ နည်းဗျူဟာက အရှေ့-အနောက်ညှပ်ပြီး တိုက်ယူမယ့် အကွက်ဟောင်းတွေပါပဲဒါကြောင့် ဒီးမော့ဆိုမြို့နယ်ဟာ အဖက်ဖက်ကနေ ခြိမ်းခြောက်ခံနေရပါပြီ။တော်လှန်ရေးအဖွဲ့တွေဟာလည်း အကောင်းဆုံးနဲ့ ညီညီညွတ်ညွတ် ခုခံရမှာဖြစ်သလို ပြည်သူအပေါင်းတို့ကလည်း အတတ်နိုင်ဆုံးကူညီရမှာဖြစ်တယ်။ဗုံးသီး၊ဒရုန်းသီး၊ အမြောက်ဆံ၊ ကျည်ဆံတွေကြားကနေ ခုခံကာကွယ်ပေးနေတဲ့ ကျနော်တို့ရဲ့ ပြည်သူ့ရဲဘော်​တွေအတွက်လည်း ဆုတောင်းပေးရမှာဖြစ်တယ်”လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာစစ်ကောင်စီရဲ့မြိုစောင့်တပ် ရင်းနှစ်ခုဖြစ်တဲ့ (ခလရ ၁၀၂ ၊ ခမရ ၄၂၇) ကလွဲလို့ မြို့နယ် ဧရိယာအများစုကို ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုကထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်ကစလို့ ကရင်နီတပ် ပေါင်းစုနဲ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားခဲ့တဲ့ ၊စိုးမိုးထားတဲ့ ​ဒေသ​တွေထဲက လွိုင်ကော်မြို့၊မိုးဗြဲ မြို့တွေကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ပြီး​တော့ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ကရင်နီပြည်နယ်ထဲမှာ မယ်စဲ့၊ရှားတောမြို့တွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်ထားပြီး ၊ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့နောက်ဆုံးကျန်နေတဲ့ အမှတ်(၁၃၅)​ခြေလျင်တပ်ရင်း (ခလရ-၁၃၅) တပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။