Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့ပေါ်မှာ တိုက်ပွဲဆက်ဖြစ်

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ပေါ်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တွေက လူထုနွေဦး ကို ဒီကနေ့(ဩဂုတ်၂၂ရက်)မှာ ပြောပါတယ်။

ဒီးမော့ဆိုမြို့တနေရာမှာ တွေ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ − CJ

သြဂုတ်-၂၂၊ ၂၀၂၅။တာရာ /People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ပေါ်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တွေက လူထုနွေဦး ကို ဒီကနေ့(ဩဂုတ်၂၂ရက်)မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ သတင်း​​တွေက ဝါဒဖြန့်ချီရေး သက်သက်ဖြစ်တယ်လို့လည်း မြေပြင်က ရဲဘော်တွေက ဆိုပါတယ်။

“တိုက်ပွဲကတော့နေ့တိုင်းနီးပါးထိတွေ့မှုတော့ပုံမှန်ရှိနေတုန်း။လက်နက် ကြီးတွေနဲ့ထုတာ လေယာဥ်ကြဲတာတော့ တော်တော်စိပ်လာတယ်”လို့ ဒီးမော့ဆိုမြို့တွင်းတိုက်ပွဲမှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့ထိန်းချုပ်လိုက်ပြီဆိုပြီးဓာတ်ပုံတွေဖော်ပြတဲ့အထဲမှာဒီးမော့ဆိုမြို့အဝင်ဆိုင်းဘုတ်ကခမရ(၄၂၇)တပ်ရင်းအနီးကဖြစ်ပြီးယခင်ကတည်းကစစ်ကောင်စီထိန်းချုပ်ထားတာလို့ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျန်တဲ့ ရုံး/ဌာနဆိုင်ရာ ဆိုင်းဘုတ်တွေက တိုက်ပွဲဖြစ်ပွားနေဆဲနေရာတွေ။ အခြေအနေမတည်ငြိမ်သေးပဲ စစ်ရေးတင်းမာနေတဲ့နေရာတွေပါ။တစ်မြို့လုံးထိန်းချုပ်နိုင်ပြီဆိုတာကို ဝါဒဖြန့်ဖို့အတွက် အပြေးအလွားလေး ဓာတ်ပုံရိုက်လို့တော့ရတာပေါ့”လို့ သူက စစ်ကောင်စီဝါဒ ဖြန့်ခဲ့တာကို ရှင်းပြ ပါတယ်။

ဒီးမော့ဆိုမြို့ထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ ပြည်အောင်ရတနာ၊ တိုက်ပြာနဲ့ စသုံးလုံးရုံး တို့ကို လက်လွှတ်ထားရတာတော့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ထိတွေ့မှုတွေက ရှိနေသေးတော့ မတည်ငြိမ်သေးဘူးပဲ ပြောရမယ်။တစ်ချို့နေရာတွေကိုတော့ စကစ ဘက်က ရထားတာမျိုးရှိတယ်။မြို့ကို အလုံးစုံထိန်းချုပ်နိုင်တယ်ဆိုတာ သက်သက်ဝါဒ ဖြန့်တာ”လို့ မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၄ရက်စပြီး ဒီးမော့ဆိုမြို့ရဲ့မြောက်ဘက်ခြမ်း ရွှေယောက်ရပ်ကွက်နဲ့ အရှေ့တောင်ဘက်ခြမ်းက ပါဒေါဒူ ကျေးရွာဘက်ကနေ ထိုးဖောက်ခဲ့ပြီးနောက်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊မီးသတ်၊ထွေအုပ်ရုံးနဲ့မြို့နယ်ခန်းမတွေ အပါအဝင် မြို့တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ သြဂုတ် ၂၀ ရက်က စစ်ကောင်စီထုတ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကောင်စီက အင်အား ၃၀၀ကျော်​နဲ့ လေယာဥ်၊လက်နက်ကြီး၊ဒရုန်း ၊တင့်ကား တွေနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်ဟာ ကရင်နီပြည်ရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်ပြီး လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးနဲ့ ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းမကြီး နှစ်ခုနဲ့ရှမ်းတောင်ဘက်ကို ချိတ်ဆက်ထားပါတယ်။

ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းဟာလွိုင်ကော်မြို့အတွက် ကာကင်းပုံစံရှိပြီးဒီနှစ်ကုန်မှာလုပ်မယ့်ရွေးကောက်ပွဲအတွက်လုံခြုံစိတ်ချမယ့်အနေ အထားဖြစ်အောင် စစ်ကောင်စီကပြန်ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်လိုတဲ့ သဘောလည်းသက်ရောက်တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တဦးကသုံးသပ်ပါတယ်။

“ဒီးမော့ဆိုကိုပေးလိုက်ရရင်ဖရူဆိုလည်းမသေချာတော့သလို၊ နန်းမယ်ခုံမြို့ဆိုတာကလည်း ရန်သူက ပစောက်ပုံသဏ္ဍာန်ဝိုင်းထားပြီးသားဖြစ်နေတယ်။ဖရူဆိုမှာ ရှိတဲ့တပ်တွေမှာလည်း လေထီးနဲ့ခဲယမ်းရိက္ခါတွေ ချပေးထားပြီဖြစ်တဲ့အတွက် ဒီးမော့ဆိုကို အနောက်ဖက်က​​နေဖင်နိုက်ပြီးပြန်သိမ်းဖို့ ဟန်ရေးပြင်နေပုံရ။ သူတို့သုံးနေကျ နည်းဗျူဟာက အရှေ့-အနောက်ညှပ်ပြီး တိုက်ယူမယ့် အကွက်ဟောင်းတွေပါပဲဒါကြောင့် ဒီးမော့ဆိုမြို့နယ်ဟာ အဖက်ဖက်ကနေ ခြိမ်းခြောက်ခံနေရပါပြီ။တော်လှန်ရေးအဖွဲ့တွေဟာလည်း အကောင်းဆုံးနဲ့ ညီညီညွတ်ညွတ် ခုခံရမှာဖြစ်သလို ပြည်သူအပေါင်းတို့ကလည်း အတတ်နိုင်ဆုံးကူညီရမှာဖြစ်တယ်။ဗုံးသီး၊ဒရုန်းသီး၊ အမြောက်ဆံ၊ ကျည်ဆံတွေကြားကနေ ခုခံကာကွယ်ပေးနေတဲ့ ကျနော်တို့ရဲ့ ပြည်သူ့ရဲဘော်​တွေအတွက်လည်း ဆုတောင်းပေးရမှာဖြစ်တယ်”လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့မြိုစောင့်တပ် ရင်းနှစ်ခုဖြစ်တဲ့ ခလရ (၁၀၂)နဲ့ ခမရ(၄၂၇)တပ်ရင်းကလွဲလို့ မြို့နယ် ဧရိယာအများစုကို ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုကထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ကရင်နီတပ်ပေါင်းစုနဲ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ ​ဒေသ​တွေထဲက လွိုင်ကော်မြို့၊မိုးဗြဲမြို့တွေကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်ကစလို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ပြီး​ ပြန်လည်ထိန်းချုပ်ထားပါတယ်။

ကရင်နီပြည်နယ်ထဲမှာ မယ်စဲ့နဲ့ ရှားတောမြို့တွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်ထားပြီး ၊ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့နောက်ဆုံးကျန်နေတဲ့ အမှတ်(၁၃၅)​ခြေလျင်တပ်ရင်း (ခလရ-၁၃၅) တပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူ‌တချို့က ပြောပါတယ်။

Facebook