Connect with us

Hi, what are you looking for?

သတင်း

DKBA အရာရှိနေအိမ်မီးလောင်မှုဖြစ်ပြီး ဗိုလ်အဆင့်ရှိသူသေဆုံး

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဩဂုတ်လ ၂၁ ရက်ညပိုင်းက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အရာရှိတစ်ဦးရဲ့ နေအိမ်မီးလောင်မှုမှာ ဗိုလ်အဆင့်ရှိသူတပ်ဖွဲ့ဝင်သေဆုံးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

သြဂုတ် – ၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဩဂုတ်လ ၂၁ ရက်ညပိုင်းက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အရာရှိတစ်ဦးရဲ့ နေအိမ်မီးလောင်မှုမှာ ဗိုလ်အဆင့်ရှိသူတပ်ဖွဲ့ဝင်သေဆုံးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

သြဂုတ်လ ၂၁ ရက် ည ၇ နာရီခွဲဝန်းကျင်က ကြားအင်းဆိပ်ကြီးမြို့ ၊ အမှတ်( ၅) ရပ်ကွက် ၊ သီတာလမ်း မှာရှိတဲ့ DKBA တပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ စောလေကပေါ်ထူးရဲ့ နေအိမ် မှာ မီးလောင်မှုဖြစ်ပွားတာပါ။

ဗိုလ်ကြီးစောလေကပေါ်ထူးဟာ ကြာအင်းဆိပ်ကြီးမြို့က DKBA ရဲ့ ဆက်ဆံရေးတာဝန်ခံတစ်ဦးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

နေအိမ်ဟာအုပ်ညှပ်နှစ်ထပ်ဖြစ်ပြီးအိမ်စောင့်နေတဲ့DKBAရိက္ခာမှူးဗိုလ်မှဲ့ကြီးဟာ မီးစက်နှိုးဖို့အတွက် ဓာတ်ဆီထည့်နေချိန် မီးထွန်းထားတဲ့ဖယောင်းတိုင်ကနေတဆင့် မီးကူးစက်ပြီး လောင်ကျွမ်းမှုဖြစ်ခဲ့တာပါ။

မီးကိုည ၉ နာရီခန့်မှာတော့ငြိမ်းသတ်နိုင်ခဲ့ပြီး ဗိုလ်ကြီးစောလေကပေါ်ထူးရဲ့ နေအိမ်နဲ့ ကပ်လျက်နေအိမ်တစ်လုံးပါ မီဲးထဲပါသွားတယ်လို့မီးသတ်ထံကသိရပါတယ်။

အဲဒီမီးလောင်မှုမှာ နေအိမ်အောက်ထပ် မီးဖိုခန်းထဲက ဂက်စ်အိုးပေါက်ကွဲမှုကြောင့် DKBA က ဗိုလ်အဆင့်ရှိတဲ့ ရိက္ခာမှူး ဦးမှဲ့ကြီး သေဆုံးသွားခဲ့ပြီး အခြားတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

မီးလောင်နဲ့ပတ်သက်ပြီး သေဆုံးသွားတဲ့ DKBA ရိက္ခာမှူး ဗိုလ်ဦးမှဲ့ကြီးကို ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DK BA)တပ်ဖွဲ့ဝင်တွေအချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။