Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှ မြို့အချို့ကို စစ်ကောင်စီ တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး ခြိမ်းခြောက်

ဧရာဝတီတိုင်း အတွင်းဇလွန်၊ဟင်္သာတ နှင့်ဓနုဖြူမြို့နယ် တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုအား ခြမ်းခြောက်နေကြောင်းဒေသခံများက ပြောသည်။

ဩဂုတ်−၂၆၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း အတွင်းဇလွန်၊ဟင်္သာတ နှင့်ဓနုဖြူမြို့နယ် တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုအား ခြမ်းခြောက်နေကြောင်းဒေသခံများက ပြောသည်။

ယ‌နေ့(ဩဂုတ် ၂၆ရက်)နံနက်၁၀နာရီခွဲခန့်တွင်တိုက်လေယာဉ်တစင်းသည် ခပ်နိမ့်နိမ့် ပျံသန်းသွားသည်ဟု သတင်းရရှိသည်။

” မဲမဲကြီး။ နိမ့်နမ့်လေးမှ နိမ့်နိမ့်လေး ပျံသွားတာ။ ဆူညံသွားတာပဲ။ ကြောက်လို့ အိမ်ထဲဝင်ပြေးရတယ်”ဟု ဇလွန်မြို့ပေါ်နေ ဒေသခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက် လေယာဉ်သည် အရှေ့ဘက်မှ အနောက်ဘက် သို့ ပျံသန်းလာပြီး မိနစ်အနည်းငယ်ကြာ ဝိုက်၍ ပျံသန်းနေခဲ့သည်ဟု ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့မှဒေသခံအချို့က ပြောသည်။

ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့တို့နှင့် ၁၀မိုင်မှမိုင်၂၀ကြားဝေးသော လေးမျက်‌နှာ၊ ရေကြည်မြို့နယ်တို့တွင် အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတိုက်ပွဲများဖြစ်နေပြီး ညစဉ်လိုလို လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည်။

ဧရာဝတီတိုင်းအတွင်း စစ်ရေးသတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက ယခု ၂၀၂၅နှစ်ဆန်းပိုင်းမှစတင်ကာ သတိပေးနေကြသည်။

(တိုက်လေယာဉ်များကို စစ်ဆေးနေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ – MOI)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။