Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲဆက်ပြင်းထန်၊ တော်လှန်ရေးတပ်များက စစ်တပ်ဒရုန်းနှစ်စီး ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ဒရုန်းနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါတိုက်ပွဲမြေပြင်ရဲ​ဘော်အချို့က ပြောသည်။

သြဂုတ်-၂၇၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ဒရုန်းနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါတိုက်ပွဲမြေပြင်ရဲ​ဘော်အချို့က ပြောသည်။

ဒီးမော့ဆိုမြို့နယ်မှ ဖရူဆိုမြို့နယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေသည့် စစ် ကောင်စီတပ်ကို သြဂုတ် ၂၆ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

” ခတွေ သေတယ်။ ဒဏ်ရာရသူများတယ်။ဒရုန်း၂စီး ဖျက်စီးနိုင်ခဲ့တယ်။နောက်ဆုံး စစ်ဦးချိုးနိုင်ခဲ့တယ်။ ဒါဟာ တပ်ပေါင်းစုရဲ့အားစည်းလုံးမှုရဲ့အားပဲ”ဟု ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ရဲဘော်တဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၅ရက်ကလည်း ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းတခုကို ဒရုန်း ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေပြီး ခြောက်ဦးဝန်းကျင်ဒဏ်ရာရခဲ့ကြောင်းလည်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ရဲဘော်တဦးက အသိပေးသည်။

“ဒီကောင်တွေ အောင်းတဲ့ နေရာထဲ ဒရုန်းဗုံးက တည့်တည့်ကျတာ။အလောင်းဆို ဆိုင်ကမ်းနဲ့ပါထမ်းပြီး ပြေးကြတာ။နောက်ပြီး ဒဏ်ရာရတဲ့သူတွေ များတယ်”ဟု ၎င်းက ပြောသည်။

၂၀၂၃နိုဝင်ဘာကစ၍ တော်လှန်ရေးအင်အားစုများ ဖြတ်တောက်ထားသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ပြန်ချိတ်ဆက်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။

“ဖရူဆို- ဒီးမော့ဆို လမ်းမကြီးတလျောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတုန်းပါ”ဟု ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ယမန်နေ့က ပြောထားသည်။

ယခု ဩဂုတ်လဆန်းပိုင်းက ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ(၁၀၂)နှင့် ခမရ(၄၂၇)တပ်ရင်းနှစ်ခုပူးပေါင်းထားသောအင်အား ၃၀၀ ခန့်ပါစစ်ကြောင်းသည် ဒီးမော့ဆိုမြို့တွင်းသို့ တိုးဝင်နိုင်ခဲ့ပြီးနောက် ဖရူဆိုမြို့နယ်ဘက်သို့ပါ စစ်ကြောင်းထပ်ဖြန့်လာခြင်း ဖြစ်သည်။

ဖရူဆိုမြို့နယ်၌ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ခြေမြန်တပ်ရင်း များဖြစ်သောခမရ (၅၃၁)နှင့် ခမရ(၄၂၈) တပ်ရင်းများလည်း ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးမှာ စစ်တပ်က ရှေ့တိုးဖို့ကြိုးပမ်းလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။