Connect with us

Hi, what are you looking for?

သတင်း

မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ

စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ်လ ၂၈ရက်က မိုင်းမိကာ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ပုလဲမြို့နယ်ကျေးရွာတရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဥ်(ပုံဟောင်း)။ ဓာတ်ပုံ - Pale Entertainment

သြဂုတ်-၂၉၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ်လ ၂၈ရက်က မိုင်းမိကာ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းထိခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မင်းတိုင်ပင်ရွာကို မီးရှို့ပြီး ဆက်ထွက်နေတဲ့ စစ်ကြောင်း မိုင်းထိတာ။ သုံးယောက်သေပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။ အခုက လမ်းပိုင်းတစ်ခုလုံး ဒီကောင်တွေ အင်အား ၃၀၀ လောက်ရှိနေတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

နှောကန်ကျေးရွာသည် မင်းတိုင်ပင်ရွာနှင့် ဆက်စပ်တည်ရှိသည်။ အဆိုပါ စစ်ကြောင်းနှင့် PDF၊ ABSDF ပူးပေါင်းတပ်များသည် မင်းတိုင်ပင်ရွာအနီး ငှက်ပျောတောရွာတွင် ဩဂုတ် ၁၉ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့သော အဆိုပါတိုက်ပွဲကို စစ်ကောာင်စီက လေကြောင်းမှ ဗုံးကြဲပြီး ဩဂုတ် ၂၀ရက်တွင် မင်းတိုင်ပင်ရွာကို မီးရှို့ခဲ့သည်။

လက်ရှိတွင် ပုလဲမြို့နယ်အတွင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲရှိမနေဘဲ စစ်ကောင်စီစစ်ကြောင်း အချို့ ရှိနေသည်။

သို့သော် စစ်ကောင်စီက မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်မှုထမ်းသင်တန်းဆင်းများအား လေကြောင်းမှ ထပ်မံပို့‌ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။ စစ်ကောင်စီစစ်ကြောင်းများကြောင့် ချောင်းနား၊ မဲဇရပ်၊ ဦးနှောက်၊ ညောင်းရင်းကုန်း၊ တလိုင်းကန်ရွာအပါအဝင် ပုလဲမြို့နယ်အနောက်ပိုင်းရှိ ရွာဆယ်ရွာထက်မနည်းမှ ဒေသခံများတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ပုလဲမြို့နယ် အင်မထီး၊ ဇီးဖြူကုန်းရွာတို့၌လည်း စစ်ကောင်စီက တပ်စွဲထားပြီး ယင်းနေရာများမှ လက်နက်ကြီးများ ပစ်ခတ်နေသည်။ ပုလဲမြို့နယ်သည် ယင်းမာပင်ခရိုင်၌ ပါဝင်ပြီး ဒေသတွင်းရှိ ဘုတလင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook