Connect with us

Hi, what are you looking for?

သတင်း

မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာကုန်တင်ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေ

စစ်ကောင်စီက ဖြတ်သန်းခွင့်မပေးလို့ စစ်ကိုင်း တိုင်း၊ကန့်ဘလူမြို့နယ်က မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပေါ်မှာ ကုန်တင်ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းတွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို တွေ့ရစဥ်။ ဓာတ်ပုံ Infinity Group

သြဂုတ်-၂၉၊ ၂၀၂၅။ဇော်ဝင်း /People’s Spring

စစ်ကောင်စီက ဖြတ်သန်းခွင့်မပေးလို့ စစ်ကိုင်း တိုင်း၊ကန့်ဘလူမြို့နယ်က မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပေါ်မှာ ကုန်တင်ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကိုင်းအထက်ပိုင်းကနေဆင်းလာတဲ့ကုန်တင်ကားအစီးရေ ၈၀၀ဝန်း ကျင်ဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်တဲ့ ဌက်ပျောတိုင်းရွာသစ်ကျေးရွာကနေ ဘူးကုန်းကျေးရွာလမ်းပိုင်းကြားမှာ ပိတ်မိနေတာလို့ ဆိုပါတယ်။

“စစ်ကောင်စီက မန္တလေး မြစ်ကြီးနားဗျူဟာလမ်းပေါ်ထိုင်လိုက်တော့ အဲဒီမှာ စစ်ရေးလှုပ်ရှားကြတဲ့အခါ ဟိုတနေ့က ကားဆရာနှစ်ယောက် ထိသွားတာရှိတယ်။အဲဒီလိုကိစ္စတွေထပ်ဖြစ်မှာဆိုးလို့ ကားတွေကို ကျွန်တော်တို့သက်ဆိုင်ရာ ရွာတွေမှာ ထားပြီး ကားဆရာတွေကို ထမင်းချက်ကျွေးတာက အစလုပ်ပေးတဲ့ကြားကနေ ၂၇ ရက်နေ့မှာ ပြဿနာဖြစ်ရင် သူတို့ခံမယ်။သူတို့ဖြေရှင်းမယ်ဆိုပြီး ဆန္ဒပြတယ်။လွှဲဆိပ်ရွာအနီးနားက မောင်းတံဂိတ်ကို တိုက်ဖွင့်ပြီး ဆင်းသွားတယ်။အခုချိန်ထိအောင် စစ်ကောင်စီထိန်းချုပ်နယ်မြေထဲ ပိတ်မိနေတယ်။လမ်းကြောင်းဖွင့်မတော့ စားနပ်ရိက္ခာပြတ်ပြီးတော့ ကျွန်တော်တို့ဘက်ခြမ်းကို ရေနဲ့စားနပ်ရိက္ခာတွေပြန်လာဝယ်နေရတယ်”လို့ ကန့်ဘလူခရိုင် တပ်ရင်း(၂) တာဝန်ရှိသူက ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၆ရက်ကစပြီး ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံပျူစောထီးတွေက စစ်ကြောင်းထိုး မီးရှို့လို့ မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ သြဂုတ် တတိယပတ်ကတည်းက ကားတွေပိတ်မိနေတာ ဖြစ်ပါတယ်။

” PDF အခွန်ဂိတ်ကို တက်လုနေတာ။ဟိုဘက်ဒီဘက်လုနေကြတာပေါ့။ယမနေနဲ့က လေးမိုင်လောက်ဝေးတယ်။စကစ ဘက်ကလည်း PDF တွေကားနဲ့လိုက်လာမှာကြောက်လို့ပေးမဖွင့်တာ​ထင်တယ်”လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သြဂုတ် ၂၃ ရက်က မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းပေါ်က ကန့်ဘလူမြို့နယ် ဘူးကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ ထိတွေ့မှုမှာ ဆီဘောက်ဆာကားယာဥ်မောင်းနဲ့ ယာဥ်အကူ ကို စစ်ကောင်စီက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

​အခုလထဲမှာ ကန့်ဘလူမြို့နယ်က ရွာမရွာသစ်၊ထိန်တော၊အင်္ဂါဒေါင့်၊သရက်တာ၊ကိုင်းရိုးနဲ့ ကျေးပင်အက်ကျေးရွာက နေအိမ် ၅၀၀ ထက်မနည်းကို စစ်ကောင်စီပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးထားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က အသိ​​ပေးထားပါတယ်။

ဒါ့အပြင် အသက်(၆၀)ကျော်အရွယ် အမျိုးသမီး အချို့ကို စစ်ကောင်စီပူးပေါင်းတပ်က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာနဲ့ အရပ်သား ၁၀ ဦး ဝန်းကျင်ကို လက်ပြန်ကြိုးတုတ် မီးရှို့သတ်ဖြတ်တာတွေပါ ပြုလုပ်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း (၂)တာဝန်ရှိသူက ပြောထားပါတယ်။

ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်းနဲ့ ကျွန်းလှမြို့နယ်အရှေ့တောင်ခြမ်းက ကျေးရွာတွေမှာ သင်္ကန်းဝတ်ဝါသဝကဦးဆောင်တဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းထားပြီး စစ်​ကောင်စီက လက်နက်တွေ တပ်ဆင် ပေးထားပါတယ်။

ကလေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) လက်အောက်ခံ ခမရ(၃၆၁) တပ်ရင်းက ကန့်ဘလူမြို့နယ်က ပျူစောထီးတွေကို စစ်ရေးပြင်ဆင်ပေးတာနဲ့ စစ်ဆင်ရေး ကွပ်ကဲမှုတွေ လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။