Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှတပ်သားလေးဦး တော်လှန်ရေးတပ်များဆီ ထွက်ပြေးလာ

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှတပ်သားလေးဦးထွက်ပြေးခိုလှုံလာကြောင်းနည်းဗျူဟာ (၃၃) အထူး စစ်ဆင်ရေးအဖွဲ့က ယနေ့(ဩဂုတ် ၂၉ရက်) ထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − နည်းဗျူဟာ ၃၃ - Tactics 33

သြဂုတ်-၂၉၊၂၀၂၅။ဇော်ဝင်း /People’s Spring

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှတပ်သားလေးဦးထွက်ပြေးခိုလှုံလာကြောင်းနည်းဗျူဟာ (၃၃) အထူး စစ်ဆင်ရေးအဖွဲ့က ယနေ့(ဩဂုတ် ၂၉ရက်) ထုတ်ပြန်သည်။

ကော့လှိုင်းရွာ၊ မရမ်းချောင်းရွာ၊ မိုင်၆၀ရွာနှင့် သာယာမွန်ကျေးရွာတို့အား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ တပ်သားများဖြစ်သည်ဟု ဆိုသည်။

၎င်းတို့မှာ တပ်သားနန်းကိုကို၊ နိုင်လင်းအောင်၊ ဇေယျာဝင်းနှင့် ရန်နိုင်မင်းတို့ ဖြစ်ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲဖမ်းဆီးခြင်းခံရကာ စစ်သင်တန်း နှစ်လခွဲခန့်သာ သင်တန်းတက်ရောက်ခဲ့ပြီး စစ်မြေပြင်သို့ပို့ဆောင်စဥ်ထွက်ပြေးခိုလှုံလာခြင်းဟုနည်းဗျူဟာ(၃၃)အထူးစစ်ဆင် ရေးအဖွဲ့က ဖော်ပြသည်။

ထို့အပြင်အထက်အရာရှိများမှ မတရားခိုင်းစေခြင်း၊ စစ်မြေပြင်၌ ရှေ့ဆုံးမှထားပြီးမတရားအမိန့်ပေးကာတက်ခိုင်းခြင်း၊ကျေးရွာအတွင်းရှိ ပြည်သူ ပိုင်နေအိမ်များထံမှ ပစ္စည်းများအား ဖောက်ယူ ခိုးယူခြင်းနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးနှိိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်ဟု ထွက်ပြေးလာသူများက ထွက်ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှချမှတ်ထားသည့် စစ်သုံ့ပန်းဥပဒေနှင့်အညီထိန်းသိမ်းဆောင်ရွက်ထားကြောင်းလည်း နည်းဗျူဟာ ၃၃ အထူးစစ်ဆင်ရေးအဖွဲ့က ဖော်ပြသည်။

“အမှတ်(၈) ပြည်ထောင်စုလမ်း(မော်လမြိုင်-ရေး-ထားဝယ်)ကို ဒီသုံးလအတွင်း သူတို့အပြီးထိန်းချုပ်ဖို့အစီစဥ်ရှိတယ်”ဟု စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ကို နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးမှူး စောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းတွင် ခမရ (၄၀၉)၊ခမရ (၄၀၈)၊ခမရ (၄၁၀)၊ခလရ (၂၈၂)တပ်ရင်းနှင့် ခလရ (၂၇၃)တပ်ရင်းစသည့် တပ်ရင်း ငါးခုကို စစ်ကောင်စီက အသုံးပြုထားသည်။

စစ်ကောင်စီတပ်စစ်ကြောင်းနှင့်သြဂုတ် ၁၉ရက်မှ၂၅ရက်အထိ ကော့လှိုင် ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အရာရှိနှင့် တပ်သား ၃၀ထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

စစ်ကြောင်းထိုးရာ ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများဖောက်ထွင်းခိုးယူခံခဲ့ရပြီး မိုင် ၆၀ ကျေးရွာမှ အသက်(၈၀) အရွယ် အဖိုး၊အဖွားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့်အပြင် သေဆုံးသူရုပ်အလောင်းများသွားသယ်သည့် ရွာသား ၁၀ ဦးခန့်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့များက ယနေ့ ထုတ်ပြန်ထားသည်။

ထိုသို့ကျူးလွန်မှုများကို ခမရ(၄၀၉)တပ်ရင်းမှ ဗိုလ်မှူးစိုးမိုးကျော်၊ဒုတပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ဗိုလ်ကြီး အံ့ဘုန်းကျော်၊ခလရ (၂၈၂) တပ်ရင်းမှ ဗိုလ်ကျော်မိုးခိုင်တို့ လုပ်ဆောင်ခဲ့​သည်ဟု ဆိုသည်။

“စစ်ရှောင်ရတဲ့ပြည်သူ ၄,၀၀၀ ကျော်နေပြီ”ဟု ရေဖြူ မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းအား YGF ၊ဒေါနစစ်ကြောင်း ၃ KBDF၊မွန်ပြည်တော်လှန်ရေးတပ် MSRF၊KNLA တပ်မဟာ ၆ တပ်ရင်း ၂၇၊ရေးသိန်းငှက်တပ်ဖွဲ့၊ABSDF တပ်ရင်း ၁၊ရာမညမွန်တပ်တော်၊ရေးဘီလူး တပ်ရင်း၊နည်းဗျူဟာ၃၃ အထူးစစ်ဆင်ရေးအဖွဲ့နှင့်ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည်မြန်မာ-ထိုင်းနယ်စပ်နတ်အိမ်တောင်စခန်းကိုစစ်အင် အားဖြည့်တင်းနိုင်ရန် ကြိုးပမ်းမှုကြောင့် ဩဂုတ်လဆန်းကစ၍ ရေဖြူမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မ‌‌ကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။