Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာလူငယ် ၁၉ဦး မဲဆောက်ဂိတ်မှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလူငယ် ၁၉ဦး မနေ့ညက ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလူငယ် ၁၇၀၀လောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဩဂုတ် ၃၁ရက်ညက မဲဆောက်မြို့စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတဲ့ မြန်မာလူငယ်တွေ။ ဓာတ်ပုံ − Addy Chaiyadech

▪️ဩဂုတ်လထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင်လာတဲ့ မြန်မာလူငယ် ၁၇၀၀လောက် အဖမ်းခံရတယ်လို့ဆို

စက်တင်ဘာ−၁၊၂၀၂၅/People’s Spring

ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလူငယ် ၁၉ဦး မနေ့ညက ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလူငယ် ၁၇၀၀လောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

မနေ့ည ဩဂုတ် ၃၁ရက် ညပိုင်းမှာ မဲဆောက်မြို့အထွက်က စစ်ဆေးရေးဂိတ်မှာ မြန်မာ ၁၉ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာ ၁၉ဦးဟာ လူငယ်တွေဖြစ်တယ်လို့လည်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မဲဆောက်မြို့အထွက် ပထမဂိတ်အနီးမှာ အဖမ်းခံရတယ်။ ပူးပေါင်းအဖွဲ့က ဖမ်းဆီးတာဖြစ်တယ်။

အမျိုးသမီး ၈ယောက်နဲ့ အမျိုးသား ၁၁ယောက်ပါတယ်။ သူတို့ပွဲစားက တယောက်ကို ဘတ်တသောင်းခွဲစီပေးရတယ်လို့ ထွက်ဆိုတယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ နယ်စပ်ဝင်ရောက် ၅ခုကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလူငယ်တွေ ၁၇၀၀လောက် ဖမ်းဆီးခံရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

တာ့ချ်ခရိုင်နယ်စပ်တင်ပေါက်တွေနဲ့ ကန်ချနဘူရီ၊ ရနောင်းနဲ့ မယ်ဆိုင်မြို့ ဝင်ရောက်တွေကနေ ဖြတ်ကျော်လာကြတာလို့လည်း ဆိုပါတယ်။ အဲဒီထဲက ကန်ချနဘူရီခရိုင်ဝင်ပေါက်ကနေ အများဆုံးဝင်ရောက်လာနေကြတာလို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ကန်ချနဘူရီခရိုင်အတွင်းမှာ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာလူငယ်တွေ အုပ်စုလိုက် ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

” အရင်ကတော့ လူမှောင်ခိုပို့တဲ့ ပွဲစားတွေကိုပဲ အပြစ်တင်ဝေဖန်နေခဲ့ရတာ။ အခုတော့ မဟုတ်တော့ဘူး။ အရွယ်ကောင်းတဲ့ လူငယ်၊လူရွယ်တွေက စစ်မှုထမ်းရမှာကြောက်လို့ ထိုင်းနယ်ခြားကို ပို့ပေးပါဆိုပြီးတော့ ကိုယ့်ကိုကိုယ် ထိုးအပ်နေကြတာ။ လူငယ်တွေမှာလည်း မြန်မာနိုင်ငံမှာ ရွေးချယ်စရာမရှိဘူး”လို့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ လူငယ်တွေ ကြောက်လန့်နေကြတဲ့ စစ်မှုထမ်းဥပဒေနဲ့ အလုပ်အကိုင်ရှားပါးလာတာတွေကြောင့် နေရပ်စွန့်ခွာကြတဲ့ လူငယ်တွေ အရက်ကထက်ပိုများလာတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ဒါရိုက်တာ ဦးထူးချစ်က သုံးသပ်ပါတယ်။

“နောက်တခုက ထိုင်းက လက်မှတ်ပြန်ထုတ်ပေးမယ် လေသံပြစ်တော့ အဲဒါတွေလည်း ပါတယ်။ တရားမဝင်လာဖို့တော့ အကြံပေးဖို့ ခက်မယ် ထင်တယ်။ တရားမဝင်နည်းနဲ့လာခဲ့ပြီဆိုရင်တောင် တရားဝင်မှုတခုခုတော့ လုပ်ရမယ်။ နောက် တခုခုပြဿနာတက်ခဲ့ရင် မြန်မာအဖွဲ့အစည်းတွေကို ဆက်သွယ်ကြဖို့လည်း လိုမယ်”လို့ ဦးထူးချစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ဒီရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။