Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးရဲဘော်တစ်ဦးက ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - ဝရဇိန်

စက်တင်ဘာ-၁၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယမန်နေ့ သြဂုတ် ၃၁ ရက်မွန်းတည့် ၁၂နာရီလောက်က အင်အား ၁၅၀ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပဒဲကျေးရွာအနီးစစ်ကြောင်းထိုးလာချိန် ဝရဇီန်တပ်ဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဖိုက်တာစားခဲ၊ ပုဝါနီစစ်ကြောင်း၊ သမန်း ကျား စတဲ့တပ်ဖွဲ့တွေက ၁နာရီကြာ ခုခံတိုက်ခိုက်ခဲ့တယ် လို့ ဖော်ပြပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ထိခိုက်သေဆုံးမှုအတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၂၇ ရက် ညပိုင်းကလည်း အထက်ပါ အင်အား ၁၅၀ပါစစ်ကြောင်းဟာ ပဒဲကျေးရွာဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာစဥ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇီန်တပ်ဖွဲ့က အသိပေးပါတယ်။

“၂၇ ရက်နေ့က သူတို့ညဘက်ပိုင်းလောက် စစ် ကြောင်းထိုးလာတာဗျ။ သူတို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက လူထုနွေဦးကို ပြောပါတယ်။

ပဒဲကျေးရွာဘက် နှစ်ကြိမ်ဆက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တိုက် ခိုက်ခံရတာကြောင့် နှစ်ကြိမ်စလုံး တပ်ပြန်ဆုတ်သွားခဲ့ပြီး ဘယ်နေရာကို တပ်ပြန်ဆုတ်သွားတယ်၊ ဘယ်လိုစစ်ရေးပြင်ဆင်နေတယ်ဆိုတဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပဒဲကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေထိခိုက်ပျက်စီးမှုရှိခဲ့သလို ပြည်သူထိခိုက်တာတွေလည်း ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook