Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက်စစ်တပ်က အရပ်သားများအား KIA၊ KPDF ဟု စွပ်စွဲ ဖမ်းဆီးနေ

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ−၁၊၂၀၂၅။လူအေး/People’s Spring

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ကာမိုင်း – လုံခင်းလမ်းပိုင်းအတိုင်း ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းက စစ်ကြောင်းထိုးဝင်လာသော စစ်တပ်သည် ဖားကန့်မြို့ ရောက်ရှိပြီးနောက် တိုက်ပွဲများဖြစ်ပွားနေပြီး နေရာအချို့တွင် စစ်ကြောင်းများ နေရာယူထားကြောင်း သိရသည်။

” အရပ်သားတွေကို တောက်လျှောက်ဖမ်းနေတာ။ မရှောင်တဲ့သူတွေအကုန်ပါတယ်။ ရှောင်မှပဲရလိမ့်မယ်။ ဟိုတစ်နေ့ကဆို အလှူအိမ်ကိုဝင်ဖမ်းပြီး လူငယ်တွေကိုဖမ်းခေါ်သွားတာ။ စစ်ကြောင်းက ဘာမှမလုပ်လောက်ပါဘူးဆိုပြီးနေရင်တော့အ ဖမ်းခံရမှာ”ဟု ဖားကန့်မြို့ခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်၅ရက်ခန့်အတွင်း ဒေသခံအရပ်သား ၄၀နီးပါး ဖမ်းဆီးထားကာ စစ်ကြောင်းတလျှောက်ခေါ်ဆောင်လာကြောင်း သတင်းရရှိသည်။

KIA၊KPDFတပ်ဖွဲ့ဝင်များနှင့် အချိတ်ဆက်ရှိသူတဦးသည် ဩဂုတ်လလယ်ခန့်က စစ်ကောင်စီထံပူးပေါင်းသွားပြီးနောက် ဖားကန့်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများကို လိုက်လံဖမ်းဆီးနေခြင်းဟု သတင်းရရှိသည်။

” ဖမ်းသွားတဲ့သူတွေကို PDFဆိုပြီး နှိပ်စက်နေတယ်လို့ကြားတယ်။ ကျန်တဲ့သူတွေကိုလည်း စစ်ကြောင်းရဲ့ရှေ့ကနေသွားခိုင်းနေတယ်။ ဒီတစ်ခေါက်က ဖားကန့်မြို့ပေါ်ကို ပြန်ထိန်းချုပ်ဖို့အတွက် ရည်မှန်းထားပုံရတယ်။ တော်တော်ကို ရက်ရက်စက်စက်လုပ်နေတယ်”ဟု ဖားကန့်မြို့ပေါ်မှစစ်ဘေးရှောင်လာသူတဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့(စက်တင်ဘာ ၁ရက်)နံနက်ပိုင်းတွင် မရှီကထောင်ရပ်ကွက်အတွင်း ရောက်ရှိလာပြီး ဒေသခံအမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၅ရက်ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ ပန်းတင်တံတားနှင့် ဈေးအနီးတွင် သေနတ်ဖြင့် ပစ်ခတ်သွားရာ ဈေးသည်တဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။

” အခုနေ့ခင်းပိုင်းမှာ ဖားကန့်ရဲစခန်းထဲကိုဝင်နေကြတယ်။ အဲဒီကနေဘယ်ကိုထွက်မယ်မသိဘူး။ လက်ရှိမှာ သူတို့လှုပ်ရှားစစ်ကြောင်းနှစ် ကြောင်းရှိနေတယ်”ဟု KPDF နှင့် နီးစပ်သူက ပြောသည်။

အဆိုပါစစ်ကြောင်းသည် KPDF ယူနီဖောင်းများဖြင့် စစ်ရေးလှုပ်ရှားနေ၍ သတိပြုကြရန် KIA၊KPDFက သတိပေးထားသည်။

ဩဂုတ် ၂၃ရက်တွင် KIA၊KPDF က ကြားဖြတ်တိုက်ခိုက်မှုတွင်လည်း ကားတစ်စီးနှင့် ဒရုန်းငါးစင်း သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ကြောင်းတွင်ပါလာသည့် စစ်မှုထမ်းသင်တန်းဆင်းများနှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြိုဆိုမည်ဖြစ်ပြီး ထောက်ပံ့ဂုဏ်ပြုမည်ဖြစ်ကြောင်း KPDFရဲဘော်များက ထုတ်ပြန် ကမ်းလှမ်းထားသည်။

(၂၀၂၅ ဇွန်လအတွင်းက ဖားကန့်မြို့သို့ ဝင်လာခဲ့သည့် စစ်တပ်စစ်ကြောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ကျောက်ကမ်းပါးပြိုလို့ လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာမှာ ဒီကနေ့မှာလည်း မြေစာပုံထပ်ပြိုလို့ လူ ၇ဦး ထပ်မံသေဆုံးသွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လူငယ်တွေဟာ အခက်အခဲကြားက ပညာဆက်လက်သင်ယူပြီး အဝေးသင်တက္ကသိုလ် ဖြေဆိုရာ အောင်မြင်မှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာမ ဂျာထွယ်ပန်က ပြောကြားပါတယ်။